ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီးကိုတို-က်ပြီး မောင်းနှင်ထွက်ပြေးသည့်ကားက အခြားဆိုင်ကယ်နှင့် လူများကိုဆင့်တို-က်ခဲ့မှု ယနေ့ အောက်တိုဘာ ၅ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းထံမှ သိရသည်။
တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်ရှေ့တွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးကိုတို-က်မိပြီးနောက် မောင်းနှင်ထွက်ပြေးလာစဥ် တာချီလိတ် အ.ထ.က ကျောင်းလမ်းဆုံအရောက် အခြားဆိုင်ကယ်များနှင့် လူများကိုထပ်မံဆင့်တို-က်မိခဲ့ကြောင်း သိရသည်။
ထိုသို့ ဆင့်တို-က်မိမှုကြောင့် အသက်(၁)နှစ်အရွယ်ရှိ ကလေးငယ်နှင့် မိခင်ဖြစ်သူတို့မှ ထိခိုက်ဒ-ဏ်ရာများရ၍ အခင်းဖြစ်နေရာတွင် ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီး(၄)ဦးတွင်လည်း ထိခို-ဒ-ဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့၍ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဆိုင်ကယ်များနှင့် လူများအားအဆင့်ဆင့်ဝင်တို-က်ပြီး မောင်းနှင်ထွက်ပြေးခဲ့သည့်ကားအား ဒေသခံများနှင့် တာဝန်ရှိသူများကပူးပေါင်းဖမ်းဆီးခဲ့ကြသဖြင့် ရှမ်းရိုးမကွင်းအနီး၌ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
