Wednesday, January 22, 2025

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...

ဘာလီ၌မြေပြို၍ လူ ၅ ဦး‌ေ-သဆုံး

ဂျကာတာ၊ဇန်နဝါရီ ၂၀ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တနင်္လာနေ့က မြေပြိုရာ ဆောက်လုပ်ရေးလုပ်သား ငါးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်အရ အဆိုပါအလုပ်သမားများနေထိုင်ရာနေရာ၌ မြေပြိုခဲ့ကြောင်းသိရသည်။မြေပြိုမှု၌ အလုပ်သမားသုံးဦးမှာ လွတ်မြောက်ခဲ့ပြီး...
HomeNewsLocal Newsဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗွီဒီယိုပြိုင်ပွဲ(၂၀၂၃) ကို...

ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗွီဒီယိုပြိုင်ပွဲ(၂၀၂၃) ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကာ ဆိုက်ဘာလုံခြုံရေးအသိပညာပေး ဗွီဒီယိုပြိုင်ပွဲ(၂၀၂၃) ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်၍ အသိပညာတိုးတက်လာစေရန်၊ ကျောင်းသားများအနေဖြင့် လက်ရှိ ဒစ်ဂျစ်တယ်နည်းပညာနှင့်ပတ်သက်၍ ဝေဖန်ပိုင်းခြားတွေးခေါ်မှု တိုးတက်လာကာ ကျောင်းသားများ၏ အရည်အသွေးနှင့် အရည်အချင်းများကို ပြသရန်၊ ဆိုက်ဘာလုံခြုံရေးနှင့် ပက်သက်၍ လူငယ်များ၏ စိတ်ပါဝင်စားမှုအား မြှင့်တင်ရန်၊ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်သော အခွင့်အရေးများရရှိစေရန်၊ တက္ကသိုလ်များ၊ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် မိမိတို့ ယှဉ်ပြိုင်မည့် ဗွီဒီယိုဖိုင်များအား ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ Email မှသော်လည်းကောင်း၊ CD/ DVD (သို့) USB တွင်ထည့်သွင်း၍ သော်လည်းကောင်း ပြိုင်ပွဲဝင်လျှောက်လွှာများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်၊ ညနေ ၄ နာရီ မတိုင်မီ ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ဆုရရှိသူများကို ဆုငွေ (၁၅) သိန်း၊ (၁၀) သိန်း၊ (၇) သိန်းနှင့် (၃) သိန်း (၂)ဆုအပြင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ပထမဆုရရှိသော ဗွီဒီယိုဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ASEAN-JAPAN Cybersecurity Awareness Video Competition (2023) ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လျှောက်လွှာနှင့် အသေးစိတ်အချက်အလက်များကို https://www.ncsc.gov.mm/CAVC2023_RegistrationForm.pdf
နှင့် https://www.ncsc.gov.mm/CAVC2023_Announcement.pdf တွင် Download ရယူနိုင်ပြီး ပြိုင်ပွဲအကြောင်းအသေးစိတ်သိရှိလိုပါက ဖုန်း – ၀၆၇-၃၄၂၂၂၇၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ – အိန္ဒိယ လက်မှတ်ရေးထိုး

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Shri Ashish Sharma တို့သည် လူမှုအခြေပြု အခြေခံအဆောက်အအုံများကို အထူးအာရုံစိုက်မှုဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ချိတ်ဆက်၍ ကျား၊ မဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေး နှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်းခံရသောသူများ၏ ကဏ္ဍများကိုပံ့ပိုးကူညီရန်ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071