ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့်ဆိပ်ကမ်းသာလမ်းထောင့်ရှိ KBZ ဘဏ်ခွဲ (၃၅)အား ဇန်နဝါရီ ၁၇ ရက် (ယနေ့) နံနက်ပိုင်းက သေနတ်အတုပြခြိမ်းခြောက်၍ ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် (၁၁) နာရီခွဲခန့်က ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ KBZ ဘဏ်ခွဲ (၃၅) သို့ သေနတ်အတုကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦး ရောက်ရှိလာကာ ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး ဘဏ်ဝန်ထမ်းများအား သေနတ်အတုနှင့် ဓားမြှောင်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၂၀၀ ဝန်းကျင်ကို ဓားပြတိုက် ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ယူဆောင်ထွက်ပြေးစဥ် ဘဏ်လုံခြုံရေးဝန်ထမ်းများနှင့် ဘဏ်အနီးနေသူများက လုံးထွေး၍ဝိုင်ဝန်းဖမ်း ဆီးခဲ့ကြပြီး အခင်းဖြစ်နေရာအနီးမှဖြတ်သွားသည့် ရဲတပ်ဖွဲ့ဝင်များမှလည်း ဝင်ရောက်ဖမ်းဆီးပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိခဲ့သည့် ဘဏ်ဓားမြတိုက်သူအား လုံခြုံရေးအဖွဲ့ဝင်များက ဥပဒေအရအရေးယူရန် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
Photo – cj

