ဆားလင်းကြီးမြို့နယ်မှာ မြေမြှုပ်ဆွဲမိုင်းပေါက် ရဲလုံခြုံရေးအဖွဲ့ဝင် နှစ်ယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ညောင် ပင်ကြီး-ဆားလင်းကြီးကားလမ်းမှာ ဒီဇင်ဘာ ၄ ရက်ညနေ ၅ နာရီလောက်က လမ်းဘေးမှာထောင် ထားတဲ့ မြေမြှုပ်ဆွဲမိုင်းပေါက်ကွဲခဲ့တာကြောင့် ရဲလုံခြုံရေးအဖွဲ့က ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် နှစ်ယောက်သေဆုံးပြီး ရဲနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့တပ်ဖွဲ့ဝင်တွေဟာ မှုခင်းဖြစ်စဥ်တစ်ခုကိုစစ်ဆေးပြီးပြန်လာတဲ့အချိန်မှာ အခုလို ဆွဲမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရဲမှူးစီးလာတဲ့ကားကို မိုင်းဆွဲခံရတာ ဖြစ်တဲ့နေ ရာမှာပဲ ရဲမှူးရယ် ရဲသားတစ်ယောက်ရယ် သေတယ် ရဲမှူးကားပေါ်ပါလာတဲ့ ရဲတွေထဲက နှစ်ယောက်ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
အခင်းဖြစ်စဥ်မှာ ဒဏ်ရာရသွားတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်က ပြည်သူ့ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။တစ်ယောက်ကတော့ မိုင်းစထိမှန်ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Zaw Gyi
ဆားလင္းႀကီးၿမိဳ႕နယ္မွာ ေျမျမႇုပ္ဆြဲမိုင္းေပါက္ ရဲလုံျခဳံေရးအဖြဲ႕ဝင္ ႏွစ္ေယာက္ေသဆုံးၿပီး ႏွစ္ေယာက္ဒဏ္ရာရ
စစ္ကိုင္းတိုင္း၊ဆားလင္းႀကီးၿမိဳ႕နယ္က ေညာင္ ပင္ႀကီး-ဆားလင္းႀကီးကားလမ္းမွာ ဒီဇင္ဘာ ၄ ရက္ညေန ၅ နာရီေလာက္က လမ္းေဘးမွာေထာင္ ထားတဲ့ ေျမျမႇုပ္ဆြဲမိုင္းေပါက္ကြဲခဲ့တာေၾကာင့္ ရဲလုံျခဳံေရးအဖြဲ႕က ဆားလင္းႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ ႏွစ္ေယာက္ေသဆုံးၿပီး ရဲႏွစ္ေယာက္ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွူးနဲ႔တပ္ဖြဲ႕ဝင္ေတြဟာ မွုခင္းျဖစ္စဥ္တစ္ခုကိုစစ္ေဆးၿပီးျပန္လာတဲ့အခ်ိန္မွာ အခုလို ဆြဲမိုင္းနဲ႔ေဖာက္ခြဲတိုက္ခိုက္ခံရတာျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
“ရဲမွူးစီးလာတဲ့ကားကို မိုင္းဆြဲခံရတာ ျဖစ္တဲ့ေန ရာမွာပဲ ရဲမွူးရယ္ ရဲသားတစ္ေယာက္ရယ္ ေသတယ္ ရဲမွူးကားေပၚပါလာတဲ့ ရဲေတြထဲက ႏွစ္ေယာက္ကေတာ့ ဒဏ္ရာျပင္းျပင္းထန္ထန္ရသြားတယ္”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။
အခင္းျဖစ္စဥ္မွာ ဒဏ္ရာရသြားတဲ့ ရဲတပ္ဖြဲ႕ဝင္ႏွစ္ေယာက္က ျပည္သူ႔ေဆး႐ုံမွာေဆးကုသမွုခံယူေနရပါတယ္။တစ္ေယာက္ကေတာ့ မိုင္းစထိမွန္ဒဏ္ရာျပင္းထန္တာေၾကာင့္ အသက္အႏၲရာယ္စိုးရိမ္ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
