Monday, August 17, 2026

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆...

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁...

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန်...

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင်...

ရေဘေးကယ်ဆယ်ရေးစခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိ၊ ကျန်းမာရေးဝန်ထမ်းများက...

ဧရာဝတီ၊ ဩဂုတ် ၁၇ ရေဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ...
HomeNewsLocal Newsဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉...

ဆရာဝန်တစ်ဦး၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်ကိုရွတ်ဆိုသစ္စာပြုပြီး ဆရာဝန်ဘဝကိုခံယူခဲ့ပြီးသူသည် လူသားတို့၏အသက်ကို ကယ်တင်ရန်ပျက်ကွက်ပါက သစ္စာမဲ့သူ၊လူနာများအပေါ် ထိခိုက်ကျူးလွန်သူများသာဖြစ်ဟု နစက ဥက္ကဋ္ဌပြော

တပ်မတော်ဆေးတက္ကသိုလ်၊ဗိုလ်လောင်းသင် တန်းအမှတ်စဥ်(၂၃)သင်တန်းဆင်းဂုဏ်ပြုစစ် ဆေးပြအခမ်းအနား၌ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

၄င်းအခမ်းအနားအား ဒီဇင်ဘာ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္က သိုလ်စစ်ရေးပြကွင်း၌ကျင်းပခဲ့ခြင်းဖြစ်သည်။

လွဲမှားသည့် စိတ်ခံစားချက်နှင့်လှုံ့ဆော်ချက်များကြောင့် ဆရာဝန်များ၏ ကတိသစ္စာပြုအဓိဋ္ဌာန် ၉ ချက်အားချိုးဖောက်ပြီး အချို့ကျန်းမာရေးဝန် ထမ်းများသည် နိုင်ငံအတွက် အရေးကြီးသည့် ကိုဗစ်(၁၉)ရောဂါ တတိယလှိုင်းကိုရင်ဆိုင်နေရချိန် ၌ ဆရာဝန်ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သစ္စာမဲ့စွာမျက်ကွယ်ပြုကျောခိုင်းခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

“အဲဒီလိုလုပ်ရပ်တွေကြောင့် ပြည်သူတချို့ အသက်ဆုံးပါးခဲ့ရတာတွေကို စိတ်မကောင်းစရာ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်၊

“သစ္စာဆိုတဲ့စကားရဲ့ အဓိပ္ပါယ်က ကိုယ်နှုတ်နှလုံး သုံးပါးလုံးနဲ့ မှန်ကန်စွာစောင့်ရှောက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ သစ္စာတရားတည်ကြည်ခြင်းရဲ့ အကျိုးရလာဒ်နဲ့ ပြည့်ဝနေမှာဖြစ်သလို သစ္စာတရားပျက်ယွင်းခြင်းဟာ ဆုတ်ယုတ်ပျက်စီးခြင်းတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

မိမိတို့နိုင်ငံအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ပြည်တွင်းပြည်ပဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများက နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ရန် ဆူပူဆန္ဒပြခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊အကြမ်းဖက်ဖျက် ဆီးခြင်း၊လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

“အဲဒီအထဲမှာ ကိုဗစ်(၁၉)ရောဂါကြောင့် ကျန်းမာ ရေးဝန်ထမ်းလိုအပ်ချက်မြင့်မားနေချိန်မှာ ကျန်း မာရေးဝန်ထမ်းတချို့က အများပြည်သူရဲ့ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို လျစ်လျူ ရှုတဲ့အပြင် ကိုယ်ကျိုးမငဲ့ကွက်ဘဲ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ခြင်းက သမိုင်းမှာဘယ်လိုမှဖျောက်ဖျက်မရတဲ့ အမည်းစက်တွေဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ယင်းအချက်များအား သင်ခန်းစာယူ၍ မိမိအဖွဲ့အစည်းနှင့်မိမိအလုပ်အပေါ် ကတိသစ္စာမြဲကြရန်၊ မိမိတို့စောင့်ထိန်းရမည့် ဆေးပညာကျင့်ဝတ်များကို ခါးဝတ်ပုဆိုးသဖွယ်မြဲကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမှာကြားခဲ့သည်။

“သမားဇာနည် အောင်စစ်သည်”ဟူသည့် တပ်မ တော်ဆေးတက္ကသိုလ်၏ဆောင်ပုဒ်အတိုင်း နိုင်ငံ တော်နှင့်တပ်မတော်ကအားထားရမည့် ဆေးမှူးအရာရှိကောင်းများဖြစ်လာရန် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့ပြင် ပြောင်းလဲတိုးတက်လာသည့် ဆေးသိပ္ပံ ပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာဆည်း ပူးသုတေသနပြု၍ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ဆေးဘက်ပညာရှင်များဖြစ်လာရန် သန္နိဋ္ဌာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“တာဝန်ကျရာတပ်အသီးသီးက တပ်မတော်သားတွေ မိသားစုဝင်တွေနဲ့ ဒေသခံပြည်သူလူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်

နေပြည်တော်၊ ဩဂုတ် ၁၇ ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားသည်။ မိုးဇလဌာန၏ ဩဂုတ် ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်သည်။ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၃၃...

မြန်မာ့အမျိုးသမီးဘောလုံးအနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများထောက်ပံ့

မန္တလေး၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ် ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် အသက်အရွယ်အလိုက် U-12/U-13 အဆင့်၌ အားကစားသမား ၂၅...

ဖိလစ်ပိုင်ဝယ်လိုအား မြင့်တက်မှုကြောင့် GW-11 မြန်မာ့ဆန် တစ်တန် ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးရရှိ

ရန်ကုန်၊ ဩဂုတ် ၁၇ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် အရည်အသွေးမြင့် GW-11 မြန်မာ့ဆန်မှာ ဝယ်လိုအားအားကောင်းလာမှုကြောင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင်ဈေးကောင်းရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှလည်း ဆန်ဝယ်ယူလျက်ရှိသော်လည်း မြန်မာ့ GW-11 ဆန်၏ မျိုးစိတ်နှင့် အရည်အသွေးကောင်းမွန်မှုကို ပိုမိုနှစ်ခြိုက်သဖြင့် ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့ရာတွင် ထိုင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၀ ခန့်ရရှိနေချိန်၌ မြန်မာ့ GW-11...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071