တက္ကဆပ်စ်၊ အောက်တိုဘာ ၁၀
တက္ကဆပ်စ်၊ အော်စတင်ရှိ အယ်လ်ဖာ ကျောင်းမှ စတုတ္ထတန်းနှင့် ပဉ္စမတန်းကျောင်းသားများ၏ လေ့လာမှုတိုင်းနှင့် သင်ယူမှုတိုင်းကို ဉာဏ်ရည်တုက လမ်းညွှန်ပေးသည်။
ကျောင်းသားများသည် သိပ္ပံ၊ သင်္ချာနှင့် စာဖတ်ခြင်းတွင် နံနက်ပိုင်း၌ နှစ်နာရီသာ အချိန်ပေးကြရပြီး ဉာဏ်ရည်တု AI ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ သင်ခန်းစာများကို သင်ယူ၊ လေ့လာ၊ တွက်ချက်ကြသည်။
စာသင်ခန်းအတွင်း၌ ဆရာများမထားဘဲ ဂိုက်များသာ ရှိသည်။ လစာမှာ ဂဏန်းခြောက်လုံးရသည်။ သူတို့ရဲ့အလုပ်က တွန်းအားပေးဖို့ပဲဖြစ်သည်။
အယ်လ်ဂိုရစ်သမ်တစ်ခုသည် ဆရာတစ်ဦး၏ကျွမ်းကျင်မှုကို အစားထိုးခြင်းရှိမရှိကို မေးမြန်းသောအခါ လုတ်ခ် ဖိလစ် ခေါ် ဂိုက်တစ်ဦး က “ကျွန်တော်က တော့ ဒါက အစားထိုးတယ်လို့ မထင်ပါဘူး၊ အဲဒါက အလုပ်လုပ်နေတယ်လို့ ပဲကျွန်တော်ထင်ပါတယ်”ဟုဖြေကြားထားသည်။
“ကျောင်းမှာက နေ့ခင်းကျတော့ သင်ယူတဲ့ ပုံစံက မတူဘူး။ ကျောင်းသားတွေက ပရောဂျက်တွေကို လုပ်ကြရတယ်၊ ငွေရေးကြေးရေး ကိစ္စတွေ နားလည်အောင်သင်ယူရတယ်။ ပြီးတော့ လူထု ရှေ့ စကားပြောဆိုတာကို သင်ယူကြရတယ်” ဟု ကျောင်းကို တည်ထောင်သူ မက်ကင်ဇီ ပရိုင်စ် က ပြောကြားခဲ့သည်။ တန်ဖိုးမဖြတ်နိုင်သော ဘဝစွမ်းရည်များ ကို သင်ယူနိုင်ကြောင်းလည်း သူက ပြောကြားခဲ့သည်။
“ကျောင်းသားတွေကို သူတို့အတွက် သင့်တော်တဲ့ သင်ယူမှုအဆင့်နဲ့ နှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် သင်ပေးလို့ ကြီးမားတဲ့ အားသာချက်တစ်ခုရှိပါတယ်” ဟု ဖိလစ်က ဆိုပါသည်။
ပရိုင်စ် သည်၂၀၁၄ ခုနှစ်တွင် ကျောင်းမစတင်မီက သင်ကြားရေးဆရာတစ်ဦးမဟုတ်ခဲ့ပါ။ ယခုအခါ ကျောင်းခွဲ ၁၆ ခု အထိရှိလာသည်။ ပညာရေးဝန်ကြီး လင်ဒါ မတ်စ်မဟွန် သည် ပြီးခဲ့သည့်လက ဤကျောင်းသို့ လာရောက်ခဲ့သည်။
အော်စတင် အယ်လ်ဖာ ကျောင်းတွင် ကုန်ကျငွေမှာ တစ်နှစ်လျှင် ယူအက်စ် ဒေါ်လာ ၄၀,၀၀၀ ဖြစ်သည်။
Ref: စီဘီအက်စ် နျူးစ်
