Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsဆယ်ကျော်သက်လူငယ်များ အသိတရားရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့...

ဆယ်ကျော်သက်လူငယ်များ အသိတရားရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ABSDF မနန်းအောင်ထွေးကြည်ရဲ့ အကြောင်းရိုက်ကူးသွားမယ့်

Nay-Min

အခုအခါမှာ သရုပ်ဆောင်နေမင်းက ရှစ်လေးလုံးအရေး တော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးချစ်စိတ်ကြီး စွာ မတရားဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို တော်လှန်ဆန့် ကျင်ခဲ့ကြကာ အရေးတော်ပုံဖြိုခွင်းခံရလို့ တောခိုသွားကြသူ ကျောင်းသားလူငယ်များထဲက တစ်ဦးဖြစ်တဲ့ ရဲရဲတောက် အမျိုးသမီးငယ်လေးတစ်ဦးအကြောင်း ရုပ်ရှင် အဖြစ် ရိုက်ကူးပုံဖော်စီစဉ်နေကြောင်းကို…

“ABSDF မနန်းအောင်ထွေးကြည် ရဲ့အကြောင်းကို ရိုက်ကူးဖို့ ပြင်ဆင် နေပါတယ်။ သူ့ရဲ့တစ်ယောက်စာအကြောင်းပေါ့။ သူ့ရဲ့ ကိုယ်ပိုင်နံပါတ်နဲ့ သူ့အကြောင်းရိုက်ဖို့ ပြင်ဆင် နေကြတာပေါ့။ ဘာလို့ရိုက် ကူးလဲဆိုတော့ နိုင်ငံရေးကို ရိုက်ကူးချင်တာ မဟုတ်ဘူး။ စိတ် ပေါ့။ ၈၈ ဝန်းကျင်လောက်တုန်းက မြန်မာ ပြည်မှာရှိတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်နဲ့ တော် လှန်ရေးဆိုတဲ့ ဦးတည်ချက်နဲ့ တောခိုခဲ့ကြတယ်။ တကယ်တော့ ကလေးတစ်ယောက်ရဲ့အတွေး၊ ကလေး တစ်ယောက်ရဲ့စိတ်နဲ့ ဆုံးဖြတ်ပြီးတော့ကြိုးစားခဲ့တဲ့ အောင်မြင်မှုကမရရှိဘူး။ ဘာကြောင့်မရလဲဆိုတော့ သူတို့ရဲ့အတွေးနဲ့ သူတို့တိုင်းပြည်ကိုပေးဆပ်ချင်တဲ့ စိတ်နဲ့တန်ဖိုးထားဖို့ကောင်းတဲ့စိတ်ဓာတ်တွေက တစ်စုံ တစ်ယောက်သော လူတွေရဲ့မကောင်းတဲ့စိတ်တစ်ခု ကြောင့် စတေးခဲ့ရတယ်။ ပန်းတိုင်လည်း မရောက်ခဲ့ ကြဘူး။ နောက်ထပ် အနာဂတ်မှာရှိတဲ့ ကလေးတွေဆယ် ကျော်သက်တွေ အဲဒီလိုတစ်စုံတစ်ရာစွန့်စားပြီး မိုက်ရူးရဲ စိတ်နဲ့တွေးမယ်ဆိုရင် ဒီဟာကို အသိတရားရဖို့ တင်ပြချင်တဲ့ သဘောတရားတစ်ခုပါပဲ။ နိုင်ငံရေးတွေ ဘာမှမပါပါဘူး။ နောက် ပိုင်းဖြစ်လာမယ့်ဆယ်ကျော်သက်အရွယ်၊ တက္ကသိုလ် ဝင်တန်းပြီးသွားရင် လူငယ်တွေကမိုက်ရူးရဲစိတ်နဲ့ လုပ်ချင် တာလုပ်တတ်ကြတယ်။ အဲဒီနေရာမှာ အတွေးအမြင် မကျယ်ပြန့်မှုအပေါ်မှာ အကျင့်တစ်စုံတစ်ရာ လိမ်လည် လှည့်ဖြားပြီး သွေးဆောင်ချင်တဲ့ လူကြီးတစ်စုရဲ့လှည့်ဖြားမှု ပါသွားတတ်ကြတယ်။ အဲဒါမျိုးကို အမြင်မှန်ရစေချင် တာရယ်၊ ဒီဟာကိုကြည့် ပြီးသွားရင် သူတို့ရဲ့တိကျရေရာတဲ့ဆုံးဖြတ်ချက် ချဖို့အတွက် အသိတရားတစ်ခုပေးချင် တဲ့စိတ်နဲ့ ရိုက်ကူးချင်တာပါ”လို့ပြောပါတယ်။

ဒီဇာတ်ကားရိုက်ကူးဖို့ကို တော့ တိုင်ပင်ဆွေးနွေး နေဆဲပါပဲလို့ဆိုတဲ့ နေမင်းက “ဘယ်ထုတ်လုပ်ရေးနဲ့မှ မပြောရသေးဘူး။ ကာယကံရှင်ဖြစ်တဲ့ မနန်းအောင်ထွေး ကြည်ရယ် Publisher ဖြစ်တဲ့ မြစ်မခက ဆရာမမေသင်္ကြန် ဟိန်ရယ်၊ ကျွန်တော့်သူငယ်ချင်းတွေရယ်နဲ့ ဆွေးနွေး နေကြတုန်းပါပဲ။ ဇာတ်က မိန်းမဇာတ်ဖြစ်တော့ ကျွန်တော့် ကာရိုက်တာကိုတောင် မစဉ်းစားရသေးဘူး”လို့ ပြော ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071