ခင်ပိုးပန်းချီဆိုတာနဲ့ တရားပွဲတွေမှာ အသံချိုချို၊ အေးအေးလေးနဲ့ တရား တောင်းတွေကို ဆိုတတ်တဲ့ အဆိုတော်တစ်ယောက်မှန်း ပရိသတ်တွေ သိကြမှာ ပါ။ ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကိုလည်း အကောင်းဆုံးကြိုးစား ဖြေဆိုခဲ့တယ်လို့လည်း ခင်ပိုးပန်းချီက ပြောပြပါတယ်။ ခင်ပိုးပန်းချီရဲ့ မိခင်ဖြစ် တဲ့ ဒေါ်ခင်အေးသိန်းကလည်းသမီးဖြစ်သူ ဆယ်တန်းစာမေးပွဲကြီး ဖြေဆို တာနဲ့ ပတ်သက်ပြီး အခုလိုပြော ပြခဲ့ပါတယ်။. . .
“ခင်ပိုးက ၃ လပိုင်း ၆ ရက်နေ့ ဆယ်တန်းစာမေးပွဲကြီး စပြီး ဖြေရမယ်။ ၃ လပိုင်း ၃ ရက်နေ့အထိကို သူက သီတဂူဆရာတော်ဘုရားကြီးရဲ့ သီရိမင်္ဂလာဈေးနောက်ဆုံးပိတ်တရားပွဲကို ဆိုပေးရတုန်း။ ခင်ပိုးမှာ စာလုပ်ချိန်တော်တော်နည်းတယ်။ တကယ့်အခက်အခဲက စာမေးပွဲဖြေခါနီးမှာ ဂိုက်(Guide) ကို လုံးဝ ခေါ်လို့မရဘူး။ အဲဒီတော့ အန်တီနဲ့ သမီးကြီးက သူ့ကို ဝိုင်းကျက်ပေးတယ်။ မြန်မာစာကိုတော့ အန်တီ တို့ ဆရာမခေါ်ဘူး။ ကျောင်းကသင်တာနဲ့ အန်တီတို့ဘေးက ကျက်မှတ်ပေး တာနဲ့ ပေါင်းပြီး သူဖြေနိုင်ခဲ့တယ်။ ကျန်တဲ့ဘာသာတွေတော့ အန်တီတို့ ဆရာ ခေါ်တယ်။ မိခင်တစ်ယောက်ဖြစ်တဲ့အတွက် သမီးဖြေတဲ့ ဘာသာတိုင်းကို စိုးရိမ်တယ်။ သူ့မှာက စာကျက်ချိန် သိပ်မရှိဘူး။ အစကသူ မဖြေတော့ဘူးဆိုပြီး လုပ်ထားတာ။ သူ့အစ်မရဲ့ ရောဂါ အတွက် သူ့အစ်မကို သူကယ်မယ်။ ရအောင်ပိုက်ဆံရှာပြီး ကုမယ်ဆိုပြီးတော့ သူပွဲတွေ သွားတယ်။ သူမဖြေတော့ဘူးဆိုပြီး လုပ်တဲ့အချိန် ၁၂ လပိုင်းမှာ သူ့ အစ်မဆုံးသွားတယ်။ သူစိတ်ကိုတင်းပြီးတော့ ဆယ်တန်းစာမေးပွဲကြီးကို ပြန်ဖြေတယ်။ ဒါပေမဲ့သူ့မှာ စာကျက်ချိန် သိပ်မရှိတော့ဘူး။ ပွဲတွေကလည်း ဖျက်လို့မရတော့ဘူး၊ လက်ခံထားပြီးသားပွဲတွေဆိုတော့။ ပွဲတွေ သွားရင် သူစာအုပ်တွေ ယူသွားတယ်။ ကားပေါ်မှာ သူကျက်တယ်။ ပွဲဆိုပြီးသွားရင် သူကျက်တယ်။ အခု စာမေးပွဲ တစ်ဘာသာဖြေပြီးလို့ထွက် လာတဲ့အချိန်တိုင်း ဖြေနိုင်တယ်လို့ ပြောတဲ့အချိန်တိုင်း မိခင်တစ်ယောက်အနေနဲ့ ပီတိဖြစ်ရတယ်။ နောက်ပိုင်းရလဒ်ကို မသိပေမယ့် အန်တီကျေနပ်မိတယ်”လို့ပြောပြပါတယ်။ ခင်ပိုးပန်းချီကလည်း သူ့ရဲ့ ဆယ်တန်းစာမေးပွဲ ဖြေဆိုခဲ့တဲ့ အတွေ့အကြုံကိုလည်း အခုလို ပြောပြပါသေးတယ်။. . .
“သမီးက အစက မဖြေတော့ဘူးဆိုပြီး လုပ်ထားတယ်။ ဒါပေမယ့် အချိန်၂ လ၊ ၃ လလောက်ကျန်တဲ့အချိန်မှာ သမီးကြိုးစားပြီး ဖြေကြည့်မယ်ဆိုပြီး သမီးကြိုးစား တယ်။ ဘာသာတိုင်းကိုတော့ သမီး ဖြေနိုင်ခဲ့ပါတယ်။ မေမေကလည်း သမီးကို ဆယ်တန်းစာမေးပွဲအောင်သွားရင် ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်တက်စေချင်တယ်။ မေမေက မြန်မာ သံအဆိုတော်ကြီး အန်တီမာမာအေးတို့၊ အန်တီတင်တင်မြတို့လိုဖြစ်စေချင်တယ်။ မေ့မေ့ စကားကိုလည်း နားထောင်ချင်တယ်။ သမီးကိုယ်တိုင်လည်း ဝါသနာပါတဲ့အတွက် ဆယ်တန်းအောင်သွားရင် ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တက်ချင်တယ်”လို့လည်း ပြောပြပါတယ်။ မိခင်ဖြစ်သူ ဒေါ်ခင်အေးသိန်းကလည်း. . .
“အန်တီက ခင်ပိုးကို ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး အဲဒီလိုမျိုးတွေတော့ မဖြစ်စေချင်ပါဘူး။ သမီးက ငယ်ငယ်လေးကတည်းက တအား ကြောက်တက်တယ်၊ လန့်တက်တဲ့သူဆိုတော့။ အန်တီဂုဏ်ထူးလည်း မမှန်းပါဘူး။ အခုဆယ်တန်း မေးပွဲ ကြီးကို ခင်ပိုးရိုးရိုးလေးပဲ အောင်ရင် အန်တီကျေနပ်ပါတယ် ” လို့ ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ- ထက်လူ