ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်မွန်းတည့် ၁၂ နာရီခန့်က ဆန်အိတ်များတင်လာသည့်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ဆန်အိတ်များတင်လာသည့်ကားမှောက်ကာ ခေါင်းခန်းအတွင်း၌ကားမောင်းသူညပ်နေသဖြင့် တိုက်ကြီးမြို့နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့သော်လည်း ကားမောင်းသူမှာသေဆုံးနေသဖြင့် ရုပ်အလောင်းအား ခိုကိုးရာမဲ့အသင်းမှ တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
