Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeInternationalဆန်ရှင်ထိ​နေ​သောဗင်နီဇွဲလားနိုင်ငံမှ ဥရောပသို့ရေနံပြန်လည်တင်ပို့မည်

ဆန်ရှင်ထိ​နေ​သောဗင်နီဇွဲလားနိုင်ငံမှ ဥရောပသို့ရေနံပြန်လည်တင်ပို့မည်

ဆန်ရှင်ထိ​နေ​သောဗင်နီဇွဲလားနိုင်ငံမှ ဥရောပသို့ရေနံပြန်လည်တင်ပို့မည်

ကာရာကက်စ်၊ဇွန် ၁၈
အမေရိကန်မှဗင်နီဇွဲလားနိုင်ငံအပေါ်ပိတ်ဆို့အရေးယူထား​သော်လည်း နှစ်နှစ်အကြာ ယခုချိန်တွင် ဗင်နီဇွဲလားမှ ဥရောပသို့ ရေနံတင်ပို့မှုများပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်​နေပြီဖြစ်သည်။

ရုရှား – ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားထံမှရေနံစိမ်းဝယ်ယူမှုများကိုဖြတ်ချနိုင်ရန် ဥရောပကကြိုးပမ်း‌နေချိန်တွင် ယခင်က ဆန်ရှင်လုပ်ထား​သောဗီနီဇွဲလားထံမှ ​ရေနံ ပို့ကုန်များကိုလက်ခံလိုက်ခြင်းဖြစ်သည်။

အီတလီနိုင်ငံ Eni ကုမ္ပဏီကမှာယူထားသော ဗင်နီဇွဲလားရေနံစည် ၆၅၀,၀၀၀ ကိုပို့ဆောင်ပေးရန်အသင့်ဖြစ်နေပြီဟု သောကြာနေ့ကထုတ်ပြန်ခဲ့သော Refinitiv Eikon ၏ထုတ်ပြန်ချက်ကိုကိုးကား၍ Reuters သတင်းဌာနကဖော်ပြထားသည်။

ထို့အပြင် ဒုတိယအကြိမ်မြောက်အဖြစ် Eni ကုမ္ပဏီသို့ထပ်မံတင်ပို့ရန်အတွက် Pantanassa သင်္ဘောသည် ဗင်နီဇွဲလားသို့လာနေပြီး ဥရောပသို့‌‌ရေနံစည်ပေါင်း ၂ သန်းကျော်ယူဆောင်သွားနိုင်ရန်မျှော်လင့်ထားသည်ဟု Eikon အခက်လက်များအရသိရှိရသည်။

သတင်းရင်းမြစ်များ၏ပြောကြားချက်အရ Eni ကုမ္ပဏီ နှင့် စပိန်ရှိ Repsol ကုမ္ပဏီပိုင် Cartagena နှင့် Bilbao ရေနံသန့်စင်စက်ရုံများအတွက် မှာယူထားသောရေနံများကို ဗင်နီဇွဲလားနိုင်ငံပိုင် PDVSA ကုမ္ပဏီထံမှ ယခုလကုန်ပိုင်းတွင်ပို့ဆောင်ပေးရန်မျှော်လင့်ထားသည်ဟု သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားနိုင်ငံမှ OPEC သို့ဆပ်ရန်ကျန်ရှိ‌နေသေးသည့် ဘီလီယံနဲ့ချီသောဒေါ်လာကြွေးမြီများနှင့်အမြတ်‌ဝေစုကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ရပ်အနေဖြင့် ဗင်နီဇွဲလားမှရေနံတင်သွင်းမှုကို ဆက်လက်လုပ်ဆောင်ရန်ခွင့်ပြုကြောင်းစာများကို မေလက Eni နှင့် Repsol ကုမ္ပဏီများသို့ပေးပို့ခဲ့သည်။(OPEC – Organisation of the Petroleum Exporting Countries)

၂၀၁၈ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးအဆင့်သို့ရောက်ရှိသွားသောကြောင့် ကြွေးမြီဝန်ထုပ်ဝန်ပိုးဖြစ်သည့် ဗင်နီဇွဲလား၏စီးပွားရေးကို ရေနံတင်ပို့ခြင်းအားဖြင့်သက်သာရာရစေနိုင်သည်။အင်္ဂလန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ BP သည် ဗင်နီဇွဲလားတွင်ကမ္ဘာ့အကြီးဆုံးရေနံသိုက်ကြီးရှိကြောင်းလည်းဖော်ပြထားသည်။

၂၀၁၉ ခုနှစ် သမ္မတဒေါ်နယ်ထရမ့် လက်ထက်၌ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကြောင့် ဗင်နီဇွဲလားအပေါ် ရေနံရောင်းဝယ်ရေးပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သမ္မတဘိုင်ဒင်လက်ထက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဒီဇယ်နှင့်ရေနံစိမ်းလဲလှယ်ခွင့်ပြုကာကုန်သွယ်ချိတ်ဆက်မှုများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆွေးနွေးမှုများ ရှိခဲ့သော်လည်းအကောင်အထည်မပေါ်ခဲ့ပေ။

ယခုခါတွင်မူ အိမ်ဖြူတော်က ဗင်နီဇွဲလားအားရေနံပိတ်ဆို့မှုအပေါ်ပြန်လည်သုံးသပ်နေပြီး မာဒူရိုနှင့်ဝင်ရောက်ဆွေးနွေးရန်စဉ်းစားနေကြောင်းကို လည်းမေလကကြေငြာခဲ့သည်။

Source – WionNews

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071