Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeNewsLocal Newsဆန်တန်ချိန်(၂၅)တန်အထက်သိုလှောင်သူများ မြန်မာဆန်စပါးအွန်လိုင်း(MyRO)တွင် မပျက်မကွက်မှတ်ပုံ...

ဆန်တန်ချိန်(၂၅)တန်အထက်သိုလှောင်သူများ မြန်မာဆန်စပါးအွန်လိုင်း(MyRO)တွင် မပျက်မကွက်မှတ်ပုံ တင်ရမည်

​စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အတွက် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတင်း (၂,၅၀၀) နှင့်အထက်သိုလှောင်ထားသော ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း(MyRO) (www.myro.com.mm)တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဟု အသိပေးခဲ့သည်။

​MyRO စနစ်တွင်မှတ်ပုံတင်ထားပြီးဖြစ်သော သိုလှောင်ရုံများသည် လစဉ်လဆန်း(၁)ရက်မှ (၇)ရက်အတွင်း သတ်မှတ်ထားသည့် ကာလအတွင်း၌ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းအပြည့်အစုံကို MyRO Website ရှိ မိမိတို့၏ Account တွင် မပျက်မကွက်ထည့်သွင်းပေးရမည်ဖြစ်သည်။

ထိုသို့ ထည့်သွင်းရာ၌ ​သိုလှောင်ရုံပိုင်ရှင်များသည် ပြည့်စုံမှန်ကန်သော အချက်အလက်များကို တာဝန်ယူ၊ တာဝန်ခံ၍ ထည့်သွင်းပေးရမည်ဖြစ်ကာ ဝန်ကြီးဌာနမှလာရောက်စစ်ဆေးမှုချိန်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း အသိပေးတိုက်တွန်းထားကာ လိုက်နာရန်ပျက်ကွက်သူများကို ပြင်းထန်စွာအရေးယူသွားမည်ဟု အသိပေးခဲ့သည်။

​သိုလှောင်ရုံမှတ်ပုံတင်လက်မှတ်လျှောက်ထားရန်ပျက် ကွက်ခြင်း၊ ​လစဉ် ကုန်စာရင်းကိုပြည့်စုံမှန်ကန်စွာ သတ်မှတ်ချိန်အတွင်းမဆောင်ရွက်ခြင်းများတွေ့ရှိပါက အမိန့်အမှတ်(၈၂/၂ဝ၂၄)တွင်ပါရှိသောသတ်မှတ်ချက်များနှင့်အညီ အရေးယူခြင်း၊ မှတ်ပုံတင်လက်မှတ်ပယ်ဖျက်ခြင်း(သို့)နည်းလမ်းနှစ်ရပ်စလုံးဖြင့် အရေးယူခြင်းများကိုဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။

​မှတ်ပုံတင်ခြင်းနှင့် စာရင်းပေးသွင်းခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များသိရှိလိုပါက ​မြန်မာဆန်စပါးအွန်လိုင်း(www.myro.com.mm)၊ ​စားသုံးသူရေး ရာဦးစီးဌာန၏ တိုင်း/ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး​တို့တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071