ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးထည့်သွင်းရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ကနဦးအနေဖြင့် (၂၅% အဆင့် -single polished & sorted) (၅၀) ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀) ကို ဦးစွာထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေး စီမံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက်လည်းကောင်း၊ စားသုံးသူပြည်သူများအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေရေးအတွက် လိုအပ်သည်များကို ပုဂ္ဂလိက အခန်းကဏ္ဍမှနေ၍ စီစဉ်သွားမည်ဖြစ်ပြီး သိုလှောင်ရုံမှတ်ပုံတင်မှု၊ သိုလှောင်ရုံစစ်ဆေးမှုများကိုလည်း ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိတွင်ဆန်ဖူလုံမှုအပြည့်အဝရှိပြီး၊ပိုလျှံမှုကိုပြည်ပသို့စနစ်တကျ တွက်ချက် တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်၏ အဆိုအရ သိရသ ည်။
လတ်တလောတွင်း ပြည်တွင်း၌ ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းများ ဖြန့်ဝေမှုများ ရှိနေပြီး အဆိုပါ ကောလာဟလများကြောင့် စားသုံးသူများ စိုးရိမ်မှုဖြင့် ဆန်များကို ဝယ်ယူစုဆောင်းခြင်းများ မလုပ်ဆောင်ဘဲ လိုအပ်မှုရှိမှသာ ဝယ်ယူကြရန် အသင်းချုပ်က မေတ္တာရပ်ခံ အသိပေးထားသည်။