Monday, January 20, 2025

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...
HomeNewsLocal Newsဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် အရန်ဆန်ထုတ်ရောင်းပေးနေသော်လည်း...

ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် အရန်ဆန်ထုတ်ရောင်းပေးနေသော်လည်း ဈေးကွက်အတွင်း ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်နေဆဲဖြစ်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် မြင့်တက်နေသည့် ဆန်ဈေးနှုန်းကို ထိန်းချုပ်ရန် အရန်ဆန်များထုတ်ရောင်းပေးလျှက်ရှိသော်လည်း ပြင်ပဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဆန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်များ၏ ပြောပြချက်အရ သိရသည်။

ဝါးတန်းကုန်စည်ဒိုင်စျေးနှုန်းအရ သြဂုတ်လ (၁၇) ရက် အပိတ်ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်းမွေး တအိတ် ၁၄၀,၀၀၀ ကျပ်၊ ကျားပျံရှယ်တအိတ် ၁၂၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းမွေး တအိတ် ၁၁၅,၀၀၀ ကျပ်သာ ရှိခဲ့ရာမှ သြဂုတ် (၂၁) ရက် ဝါးတန်းကုန်စည်ဒိုင် အဖွင့်စျေးနှုန်းမှာ ရွှေဘိုပေါ်ဆန်းတအိတ် ၁၄၈,၀၀၀ ကျပ်၊ ကျားပျံရှယ်တအိတ် ၁၃၁,၀၀၀ကျပ်၊ ဧရာဝတီပေါ်ဆန်းမွေး တအိတ် ၁၂၅,၅၀၀ ကျပ် အထိ မြင့်တက်လာကြောင်း သိရသည်။

“အပိတ်စျေးနဲ့ အဖွင့်စျေးကို တော်တော်ကွာခြားတယ်။ ဝါးတန်းက ဖွင့်တဲ့စျေးတောင် ၁၀,၀၀၀ နီးပါး တက်နေတာ။ အပြင်မှာဆို အခုထက်ကို ပိုတက်တာ။ ဝါးတန်းပေါက်တဲ့စျေးနဲ့ အများစုက အလုပ်လုပ်တယ်ဆိုပေမဲ့ သူတို့စျေးနဲ့က ဘယ်မှာမှ ဝယ်လို့မရဘူး၊ ၃,၀၀၀ လောက် ကွာနေသေးတယ်”ဟု ရန်ကုန်မြို့အတွင်းမှ ဆန်ရောင်းဝယ်သူတဦးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ဝါးတန်းကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင် အရန်ဆန်များ ရောင်းချပေးနေလျှက်ရှိရာ ဩဂုတ်လ (၁၆) ရက်အထိ ဆန်အိတ်ရေ ၁၀၀၀၀ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရောင်းချပေးနေသည့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၁၁၀၀၀၀ ကျပ်)မှ(၁၂၀၀၀၀) ကျပ်၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် (၉၄၀၀၀ ကျပ်)မှ (၉၇၀၀၀) ကျပ်၊ ဧည့်မထ (၁၀%) စားဆန်များ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်၊ ဧည့်မထ (၂၅%) စားဆန်များတစ်အိတ်လျှင် ၆၀၀၀၀ ကျပ် ဖြစ်ကြောင်းလည်း သိရသည်။

“ဆန်ကတစ်ခါဝယ်ရင် တစ်ခါဈေးတတ်တယ်။ ကိုယ်က ထမင်းဆိုင်ဖွင့်ထားတာဆိုတော့ ဆန်ဈေးတတ်ပေမယ့် ထိန်းရောင်းနေရတယ်။ မကိုက်ဘူး။ ဒီထက်တက်လာရင်တော့ နားရမယ့် အခြေအနေမှာရှိတယ်”ဟု တောင်ဥက္ကလာပမြို့နယ်မှ ထမင်းဆိုင်ရောင်းချသူတစ်ဦးက ပြောသ ည်။

သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းဖြစ်စေရန် ကော်မတီဖွဲ့ပြီး ရန်ကုန်အပါအဝင် နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးတိုင်းတွင် ဆန်သိုလှောင်မှုစာရင်း ကောက်ယူမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများသည် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်သကဲ့သို့ မြန်မာနိုင်ငံသားများကလည်း တရုတ်နိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားပြီး...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071