ပို့ကုန်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် နေရောင်ခြည်စွမ်းအင် ကို တိုးမြှင့်သုံးစွဲနိုင်ရန် ရည် ရွယ်ပြီး အသင်းချုပ်သည် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ကုမ္ပဏီ (၁၇)ခုနှင့် နားလဘ်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားကြောင်း သိရသ ည်။





နေရောင်ခြည်စွမ်းအင် တပ်ဆင်မည့် ဆန်စက် (၂၈) စက်တွင် တပ်ဆင်အင်အား (၄၁.၉)မဂ္ဂါ၀ပ်) ကို ၂၀၂၅ ခုနှစ် မတ်လ မှ စ တင်၍ ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်မှ ဦးဆော င်သော ဆန်စပါးကဏ္ဍဖွံ့ဖြိုးမှု (Export-led Growth) ကို အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strate gy) နှင့်အညီ ပုဂ္ဂလိကအပိုင်းရှိ ကုမ္ပဏီ/ အဖွဲ့အစည်းများ ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြိုးပမ်းလျက်ရှိရာ ယခုနှစ် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်တွင် တန်ချိန် (၃) သန်း တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတကာ စျေးကွက် အသီးသီးတွင် ဖြစ်ပေါ် ပြော င်းလဲနေသည့် Market Insights, Sustainability Drive, Best Practices and Global Trends များ ဆိုင်ရာ အတွေ့ အကြုံများ မျှဝေပေးသည့် MRF Rice Export Exchange တွေ့ဆုံဆွေးနွေးပွဲကိုလည်း လစဉ်ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်။
ဆန်စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးရေ ရရှိရေး Solar ဖြင့် ဆောင်ရွက်နိုင်မည့် အလား အလာများကိုပါ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရန် စီမံကိန်းရေးဆွဲ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။