Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsဆင်ဆာကြောင့် ရုံတင်ပြသဖို့ ကြန့်...

ဆင်ဆာကြောင့် ရုံတင်ပြသဖို့ ကြန့် ကြာနေရတဲ့ ‘မြန်မာပေါကားတွေ-ရပ်’

သရုပ်ဆောင် လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်နဲ့ ဒါရိုက်တာမိုက်တီးတို့ရဲ့ မိသားစုထုတ်လုပ်ရေးဖြစ်တဲ့ Zaw Family ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကား ‘ မြန်မာပေါကားတွေ-ရပ်’ ဇာတ်ကားကတော့ အခုအချိန်မှာ ဆင်ဆာကြည့်ရှုပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါ တယ်။

ဒီဇာတ်ကားမှာတော့ဝါရင့် ဟာသသရုပ်ဆောင်များဖြစ်ကြတဲ့ အရိုင်း၊ ကျော်ထူးနဲ့ ခင်လှိုင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ရုပ်ရှင်လောကမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အခြေခံကာ ဒါရိုက်တာမိုက်တီးက အနုပညာဖန်တီးပုံဖော်ထားတာပဲဖြစ်ပါ တယ်။ လင်းဇာနည်ဇော်တို့အတွက်တော့ ထုတ်လုပ်ရေးလုပ်ငန်းကို ပထမဆုံးစတင်လုပ်ကိုင်တာဖြစ်တဲ့အတွက် အခက်အခဲများစွာရှိခဲ့သလို ဆင်ဆာကြည့်ရှုချိန်မှာလည်း ကြုံတွေခဲ့ရတဲ့ အကြောင်းအရာတွေအကြောင်းကို …

“အစ်မတို့တွေ အခုဆင်ဆာကြည့်နေတဲ့အဆင့်ပဲရှိပါသေးတယ်။ ပထမတစ်ကြိမ် ထောက်ညွှန်ချက်ပြီးလို့ ဒုတိယတစ်ကြိမ် ပြန်တင်ထား ပါတယ်။ အစ်မတို့ရဲ့ ဇာတ်ကားမှာ အဓိကက ကိုကျော်ထူး၊ ခင်လှိုင်၊ ကိုအရိုင်းတို့ သုံးယောက်ကို အဓိက ထားတယ်။ သူတို့ သုံးယောက်က လူရွှင်တော်အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် စောက်ရူး၊ စောက်ပေါဆိုပြီးပြောတယ်။ အဲဒါကို အစ်မတို့က ရိုင်းမှာစိုးလို့ ‘စောက်’ အစား’ သောက်’လို့ပြောင်းတယ်။ အဲဒါကို စောက်ရောသောက်ရောကို လက်မခံဘူးဆိုပြီးဖြတ်တယ်။ အဲဒါလေး ကိုတော့ အစ်မတို့ကသူတစ်ပါးကိုရိုင်းစေလိုတဲ့စိတ်နဲ့ သုံးနှုန်းထားတာမဟုတ်ပါဘူးဆိုပြီး လူငယ်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်းခေါ်ကြတဲ့ ပုံစံလေးပါဆိုပြီး ပြန်တင်ထားပါတယ်။ ဘယ်လိုပြန်ကျလာ မလဲဆိုတာကိုတော့ မသိသေးပါဘူး။ အစ်မတို့အတွက်ကတော့ အတွေ့အကြုံအသစ်ဆိုတော့ ဆင်ဆာကြည့်တဲ့အချိန်ဆိုရင် ဆယ်တန်းစာမေးပွဲပြန်ဖြေဆိုနေရသလို စိတ်ထဲမှာခံစားရပါ တယ်”လို့ပြော ပြပါတယ်။  ‘ မြန်မာပေါကား-ရပ်’ဇာတ်ကားမှာတော့ ဇာတ်ပို့သရုပ်ဆောင်များကို အဓိကထားရိုက်ကူးထားပြီး သရုပ်ဆောင် များရဲ့ မိသားစုဝင်များကိုပါ ထည့်သွင်းရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးချိန်နဲ့ ပြသချိန်မှာ Update မဖြစ်တော့မှာစိုးရိမ်တယ်ဆိုတဲ့ ချစ်ချစ်ဇော်အတွက်လည်း ပွဲဦးထွက် ဇာတ်ကားအပေါ်ရင်ခုန်သံက”အစ်မ တို့ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပထမဆုံးဇာတ်ကားလေးဖြစ်တော့ သရုပ်ဆောင်တွေသုံးတာကအစ မြိုင်မြိုင်ဆိုင်ဆိုင် လေးနဲ့ သရုပ်ဆောင်တွေရဲ့ မိသားစုအစစ်တွေကို ထည့်သွင်းထားတယ်။ ထူးထူးခြားခြားလေး ဖြစ်သွားအောင် အနုပညာအလုပ်မလုပ်တဲ့လူတွေကိုတောင် အတင်းကို တောင်းတောင်းပန်ပန်နဲ့ထည့်ထားပါတယ်။ အစ်မတို့ လည်း ဒီဇာတ်ကားအတွက် အများကြီးရင်းနှီးမြှုပ်နှံ ထားရတယ်။ ဇာတ်ကားထဲမှာ အန်ကယ်လေးဆိုရင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာကပါဝင်ထားတယ်။ အပြင်မှာလည်း သူဥက္ကဋ္ဌဖြစ်နေတဲ့ အချိန်မှာ ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် အစ်မတို့လည်း Update ဖြစ်ချင်တာပေါ့နော်။ အခုတောင် မဖြစ်တော့ဘူးလေ။ အစ်မတို့ ဘက်ကလည်း ပရိုဂျူဆာအနေနဲ့တော့ ဒီဇာတ်ကားလေးကို မြန်မြန်ရုံတင်ပြသချင်တယ်။ အခုလည်း အစ်မ တို့ဒီလိုလေးဖြစ်အောင် ကြိုးစားနေပါတယ်။ အခုခေတ်က ဟာသဇာတ်ကားတွေပေါက်တာဆိုတော့လေ။ အစ်မတို့ဇာတ်ကားကဟာသချည်းပဲလည်းမဟုတ်ပါဘူး။ အနုပညာလောကထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို ရိုက်ကူးထားတာဆိုတော့ ခွက်ထိုးခွက်လန်ရယ်ရတဲ့ ဟာသမဟုတ်ဘူး။ ဒါကြောင့် ပရိသတ်တွေကြိုက်ပါ့မလားမသိဘူးဆိုပြီး စိတ်တွေပူရတယ်”လို့  ချစ်ချစ်ဇော်က ပြောပြပါ တယ်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071