စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ် ဦးကျော်နိုင်ဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ်၊ ၅၁ /၂၀၂၅ ဖြင့် ယနေ့ ဒီဇင်ဘာ ၁၀ ရက်ကထုတ်ပြန်ခဲ့သည်။
ဦးကျော်နိုင်ဝင်းအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မ ခွဲ(ခ)အရ စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။
