Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeArticlesစွယ်စုံ ပညာရှင်

စွယ်စုံ ပညာရှင်

SwelSoneမြန်မာနိုင်ငံ အနုပညာ လောကတွင် စွယ်စုံရ ပညာရှင်အဖြစ် ဘဘ ဦးသုခ မရှိတော့သော သည်ဘက် ခေတ်မှာ အစ်ကိုလေး ဗိုလ်ကလေး တင့်အောင် တစ်ယောက်တည်းသာ ကျန်တော့သည်။ အသက်က ၉၆ နှစ်ထဲ ရောက်လာပြီ။

သက်ကြီးစာပေ ပညာရှင်တွေ ရှိပါသည်။ သို့သော် စာပေ၊ ဂီတ၊ ပြ ဇာတ်၊ ရုပ်ရှင် စွယ်စုံ ထူးချွန်သူ တစ် ယောက်တည်းသာ ကျန်သည်ဟု ကျွန်တော် ထင်ပါသည်။

ထို့ကြောင့်လည်း မကြာခဏ သွားရောက် တွေ့ဆုံရသည်။ စကား တွေ ပြောရသည်ဟု မဆိုသာ။ စကားတွေ နားထောင်ဖို့ သွားရခြင်း ဖြစ်ပါသည်။
ရောက်သည်နှင့် မေးခွန်းလေး စလာသည်။
“လူနဲ့တိရစ္ဆာန် တူတာတွေ သိ လား။
-အိပ်၊ စား၊ ကာမ ဤသုံးဝ တူ ကြတယ်လို့ ဆိုကြတာမဟုတ်လား။    “မတူတာရော။
-လူက အသိဥာဏ်မှာ ပိုတယ် လေ အစ်ကိုလေး။
“ကောင်းပြီ။ ခင်ဗျား ရန်ကုန် ကနေ သန်လျင်ကို တံတားကြီးမပြီး ခင်က သွားဖူးလား။
-သွားဖူးတယ်။
“ရန်ကုန်၊ ပုဇွန်တောင်၊ ညောင် တန်း၊ သီတာ ဆိပ်ကမ်းက ထွက်တဲ့ သင်္ဘောနဲ့ သွားဖူးမှာပေါ့။                -သွားဖူးပါတယ်။ အခေါက် ခေါက်သွားဖူးပါတယ်။
“စင်ရော်တွေ အစာကျွေးဖူး လား။ သင်္ဘောထွက်စမှာ စင်ရော် လေးငါးကောင်ပဲ ရှိရာက အစာ လည်း ကျွေးရော စင်ရော်တွေ တစ် ဖြည်းဖြည်း များလာတာ သတိထား မိလား။

-ဟုတ်တယ် အစ်ကိုလေး။ သင်္ဘောထွက်စတော့ လေးငါးကောင် ပဲ။ အစာလည်းစကျွေးရော တစ် ဖြည်းဖြည်း စင်ရော်တွေ ရောက်လာ ကြတာ။ မြစ်လယ်လည်း ရောက် ရော စင်ရော်တွေ ရာကျော်မယ် ထင်တယ်။

“ခင်ဗျား ပြန်ပြီးစဉ်းစားကြည့် စမ်း။ အစာတွေကို လေထဲမှာပစ် ပစ် ကျွေးကြတာကို စင်ရော်တွေက ရေ ထဲမကျအောင် လေထဲမှာ လိုက်ဖမ်း ပြီး နှုတ်သီးနဲ့ မိအောင် စားကြတာ သတိပြုမိသလား။

-ဟုတ်တယ် အစ်ကိုလေး။ အစာတွေ လေထဲမြှောက်ပြီး ပစ် ကျွေးတာနဲ့ စင်ရော်တွေက လေ ယာဉ်ပျံတွေ (Dive) ဒိုက်ထိုးသလို ထိုးဆင်းလာပြီး နှုတ်သီးနဲ့ အမိဖမ်း ကြတာကြည့်ပြီး လူကြီးတွေကလည်း သဘောကျ၊ ကလေးတွေက လက်ခုပ် လက်ဝါးတွေ တီးကြနဲ့ သန်လျင်ဆိပ် ကမ်းရောက်လို့ ရောက်မှန်းမသိ ပျော်ခဲ့ကြရတာ ခုမှပြန်သတိရမိပါ တယ်။

xခင်ဗျား နည်းနည်းလေး ပိုပြီး စဉ်းစားလိုက်စမ်းဗျာ။ အစာတွေကို လုလုစားကြတဲ့ စင်ရော်ငှက်တွေ လေထဲမှာ ဝဲပျံရင်း တစ်ကောင် နဲ့တစ် ကောင် တိုက်မိတာတွေ့ဖူးသလား။

-ဟုတ်တယ်။ စင်ရော်အချင်း ချင်း တိုက်မိတာ မတွေ့ဖူးပါဘူး။ အစာတွေ လေထဲ ပစ်လိုက်တဲ့ အချိန် မှာ စင်ရော်တွေ ဝိုင်းလာတာပဲ။ တစ်ကောင်က အစာကိုဟပ်မိတဲ့  အချိန်မှာ တခြား စင်ရော်တွေက ချက်ချင်းရပ်ပြီး လှည့်သွားကြတာ တကယ် အံ့သြဖို့ ကောင်းတယ်။ အခု အစ်ကိုလေး မေးမှ သတိထားမိတယ်။  လေထဲမှာ ရုတ်တရက် အရှိန်သတ် ပြီး Dead Stop အရှိန်လျှော့ရင်း လှည့်ပျံသွားတာပဲ။

xတိရစ္ဆာန်ပဲဗျာ။ အသိဥာဏ် မရှိရင် အချိန်မီ အရှိန်သတ်ပြီး ရပ်နိုင်တာ၊ ကွေ့ပြီး လှည့်ထွက်သွား တာ အံ့သြဖို့ မကောင်းဘူးလား။

-ဟုတ်တယ်။ ချက်ချင်း ရပ်ပြီး မတိုက်မိအောင် ရှောင်တယ်။ အပေါ်ကို မော့ပြီး ပျံတက်လိုက် တယ်။ အဲဒီ Action ကို ကျွန်တော် သဘောကျလို့ ဓာတ်ပုံတွေရိုက်မိ သေးတယ်။

xကဲ..ဒါဖြင့် ခင်ဗျားကို ကျွန်တော် ဆက်မေးမယ်။ တိရစ္ဆာန် ထက် လူက အသိဥာဏ်ပိုတယ်လို့ ခင်ဗျား ဖြေခဲ့တယ်နော်။

-ဟုတ်တယ်လေ အစ်ကိုလေးရဲ့။

xဘာကြောင့် တိရစ္ဆာန်ထက်  အသိဥာဏ်ပိုတဲ့ လူတွေ မောင်းတဲ့ ကား အချင်းချင်းတိုက်ကြလဲ။

သူ့မေးခွန်းက ကျွန်တော့်ကို အဖြေရ ကျပ်စေသည်။

-တစ်ခါတလေလည်း စက် ကြောင့် ဘရိတ်ပေါက်တာကြောင့် ဒီ လိုတွေ ဖြစ်မှာပေါ့။

xဒါဆိုရင်ဗျာ။ ရန်ကုန်-မန္တ လေး အမြန်လမ်းကြီးက ဖြူး…လို့ ဗျာ။ လမ်းအလယ်မှာလည်း အသွားကား- အပြန်ကားတွေ မတိုက်အောင်  Island ခေါ်လား၊ အတားအဆီး ကျွန်းတွေ လုပ်ထား တယ်။ ကားတွေက အဲဒီအတား အဆီးတွေပေါ် တက်သွား ကြတယ်၊ မှောက်ကြတယ်၊ လမ်းဘေးက  မြောင်းတွေထဲကျပြီး မှောက်ကြတယ် ဗျာ။

-အရှိန်လွန်လို့ မူးလို့ဖြစ်မှာ ပေါ့။

xရန်ကုန်မြို့ထဲက လမ်းမကြီး တွေမှာ ယာဉ်ကြောထိန်းဖို့ အင်္ဂတေ တုံးကြီးတွေ ချထားတယ်ဗျာ။ အဲဒီ တုံးတွေကိုလည်း ကားတွေက ဝင် တိုက်နေတယ်ဗျာ။

xလေထဲက တိရစ္ဆာန်တွေက တစ်ကောင်နဲ့ တစ်ကောင် မတိုက်မိ ကြဘဲ လူတွေက ကားလမ်းပေါ်မှာ တိုက်နေကြတယ်ဗျာ။

xလူတွေက တိရစ္ဆာန်တွေထက် အသိဥာဏ်ပိုရှိတယ်ဆို ဘာ့ကြောင့် တိုက်ကြတာလဲ။

ကျွန်တော် လူ့အန္ဓ ဘာမှ မပြောတတ်တော့ပါ။ ဆင်ခြေလည်း မပေးတတ်တော့ပါ။ သူ့ကို ငေးကြည့် ရင်း ဆွံ့အနေရပါတော့သည်။

ကျွန်တော် စာတွေ ရေးနေပါ သည်။ ဂျာနယ်ထဲမှာ ရေးသည်၊ လုံး ချင်းတွေ ထုတ်သည်။ မှတ်မိသမျှ အသိတွေကို ဖြန့်ဝေနေပါသည်။ အစ်ကိုလေး ဗိုလ်ကလေး တင့်အောင် ကဲ့သို့ နက်နက်နဲနဲ တွေးတော ဆင် ခြင်မိခြင်း မရှိခဲ့ပါ။

သူ့ကို ကြည့်ရင်း နားထောင် ရင်း စိတ်တွင်းမှ ကြိတ်၍ ဆုတောင်း နေမိရပါသည်။

စွယ်စုံအနုပညာရှင်ကြီး အသက် တစ်ရာ့နှစ်ဆယ် ရှည်ပါ စေ။

လေ့လာ ဆည်းပူးထားသမျှ၊ တွေးတောဆင်ခြင်ထားသမျှ နောက် လူတွေကို မျှဝေ အမွေပေးထားနိုင်ခဲ့ ပါစေ…ဟူ၍။

မောင်ဆွေသက်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071