Saturday, January 24, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့်...

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊...
HomeNewsLocal Newsစွန့်ပစ်အမှိုက်ပလတ်စတစ်များမှထုတ်မည့် ဒီဇယ်ဆီကို ဒီဇင်ဘာတွင်...

စွန့်ပစ်အမှိုက်ပလတ်စတစ်များမှထုတ်မည့် ဒီဇယ်ဆီကို ဒီဇင်ဘာတွင် ဈေးကွက်သို့စဖြန့်မည်

ဘုတလင်မြိှု့ ချင်းတွင်းဓာတု အင်ဂျင်နီယာ လုပ်ငန်းမှ စွန့်ပစ်ပလတ်စတစ်အမှိုက် စွန့်ပစ် တာယာ အင်ဂျင်ဝိုင်အဟောင်း စွန့်ပစ်စားအုန်းဆီ များနှင့်ရေနံစိမ်းများမှဒီဇယ် ဆီထုတ်လုပ်ကာ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို လာမည့် ဒီဇင်ဘာလအတွင်း စတင်မည်ဖြစ်ကြောင်း လုပ် ငန်းပိုင်ရှင် ဓာတုအင်ဂျင်နီယာ ဦးသန့်ဇင်ထွန်း ထံမှ သိရသည်။

”အရင်တုန်းက ပလတ်စတစ်ကနေ ဒီဇယ်ဆီ ထုတ်နေတာက စမ်းသပ်စက်အဆင့်ပါ။ အခု ဟာက ဈေးကွက်ထဲကို တစ်ရက်ကို တစ်ပေပါ နှစ်ပေ ပါလောက် ထွက်မယ့် စက်အလတ်စား ပြောင်းလုပ်ထားတာပါ။ အခု စမ်းသပ်တဲ့အဆင့် မဟုတ်တော့ဘဲ စီးပွားဖြစ် ထုတ်မယ့်အဆင့်ပေါ့။ အခု နိုဝင်ဘာလထဲ ဈေးကွက်ပို့နိုင်အောင် လုပ် နေပေမယ့် အခက်အခဲက နည်းနည်းရှိနေတဲ့ အတွက် ဒီဇင်ဘာမှာ ဈေးကွက်ပို့ဖို့ လုပ်နေတာပါ။ ဒီလ အတွင်းစက်အပြီးလုပ်ပြီးရင် ဒီဇင်ဘာလအတွင်းမှာ အဆက် မပြတ်အောင် ထုတ်နိုင်အောင်လုပ်နေတာပါ”ဟု ဦးသန့်ဇင် ထွန်းကပြောပြသည်။

စွန့်ပစ်အမှိုက်များဖြင့်ထုတ်သည့် ချင်းတွင်း ဓာတုအင်ဂျင် နီယာထုတ် ဒီဇယ်ဆီသည် အခြားဒီဇယ်ဆီ အရည်အသွေးနှင့် ကွာခြားမှုမရှိဘဲ ဈေးနှုန်းတွင် အခြားဒီဇယ်ဆီထက် ချိုသာ နေသောကြောင့် တောင်သူအများစု သုံးစွဲသည့်ဒီဇယ်ဆီအဖြစ် စမ်းသပ်စဉ် ထုတ်လုပ်ရောင်းချနေ သည့်ဈေးကွက်အရ သိရသည်။

”ဘုတလင်ဒီဇယ်ဆီက စီးပွားရေးတွက်ခြေကိုက်တော့ ကျုပ်တို့လိုတောင်သူတွေ အသုံးများကြပါတယ်။ ဘုတလင်ဒီဇယ် ဆီနဲ့ လက်ရှိဈေးကွက်ထဲက ဒီဇယ်ဆီနဲ့က တစ်ဧကထွန်ယက်ပြီးမြှောက်နှုန်းက မကွာ ပါဘူး။ ဈေးကွက်ထဲက ဒီဇယ်တွေက စက်သုံး စွဲမှုနဲ့ ပျက်ဆီးမှုနှုန်းထားမှာ ကွာတယ်။ ဘု တလင် ဒီဇယ်ဆီက စက်တွေအပျက်အဆီး နည်းတာကို တွေ့ရတယ်”ဟု ဘုတလင်နယ်မှ တောင်သူတစ်ဦးက ပြောပြသည်။

”အပြင်ရောင်းတဲ့ ဒီဇယ်ဆီဈေးနှုန်းထက် အနည်းဆုံး ၂၅ရာခိုင်နှုန်းသက်သာအောင် ရောင်းပေးသွားမှာ ဖြစ်ပါတယ်။ လောလော ဆယ်မှာ တစ်ရက်တစ်ပေပါ နှစ်ပေပါ ထုတ်မှာဆိုတဲ့အချိန်မှာ ဘုတလင်တင်သုံးလို့ ကုန်တယ်ဆိုရင်တော့ ဘုတလင်ပေါ့။ ဘုတလင်မှာ သုံးတာကျန်လို့ပိုတယ်ဆိုရင် တခြားဒေသကိုဖြန်မှာပါ”ဟု ဦးသနိ့ဇင်ထွန်း က ပြောကြားသည်။

လှိုင်ဝင်းကို(မုံရွာ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071