စံပြသဘင်မိသားစုနဲ့ စံပြပရိ သတ်တွေအတွက်ကတော့ ဝမ်းသာစရာသတင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ စံပြသဘင်ရဲ့မင်းသမီးချော တင်ဇာမိုးဝင်းက သားယောက်ျားလေးကို မကြာခင်မှာ မွေးဖွားတော့မှာဖြစ်တာကြောင့်ပါ။ အာထရာဆောင်းအဖြေကိုတော့ ခင်ပွန်းဖြစ်သူ ကိုသားဖြိုးက ကြိုသိနှင့်နေပြီဖြစ်ပေမယ့် သူ့ရဲ့ချစ်ဇနီး တင်ဇာမိုးဝင်း ကိုတော့ Suprise လုပ်ခဲ့ပါတယ်။
တင်ဇာမိုးဝင်းက သားလေးလို့သိတဲ့အချိန်မှာ တော့ ဝမ်းသာ လွန်းလို့ မျက်ရည်တွေတောင်ကျခဲ့ပြီး ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးကို ပရိသတ် တွေမြင်တွေ့ရဖို့ ကိုသားဖြိုးက Live လွှင့်ပြခဲ့ ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကော စံပြမိသားစုကော အားလုံးအတူတူ ပျော်ရွှင်ကြည် နူးခဲ့ကြ ရပြီး ပျော်တပြုံးပြုံးဖြစ်ခဲ့ကြရပါတယ်။ တင်ဇာမိုးဝင်းကတော့ သားဖြစ်တဲ့အတွက် စံပြသဘင် ရဲ့ မျိုးဆက် မင်းသားတစ်ယောက် ထပ်ရပြီလို့ ပြောခဲ့ပါတယ်။
“သားလေးကိုယ်ဝန်စရကတည်း က ဘာမှဒုက္ခမပေးဘူး။ သိပ်လိမ်မာ တယ်လို့ ပြောရမယ်။ ကျန်းမာရေး လည်းကောင်းတယ်”လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ တင်ဇာမိုးဝင်းကပြောပြပါ တယ်။
အခုအချိန်မှာ တော့ ကိုယ်ဝန်က ၅ လထဲကို ဝင်လာပြီ ဖြစ်တာ ကြောင့် အစစအ ရာ ရာ ဂရုစိုက် နေရတဲ့အ ချိန်ပါ။ ရင် သွေးလေးကို ဂျပန်မှာ မွေးဖြစ်မလား၊ မြန်မာနိုင်ငံမှာ မွေးဖြစ်မလားဆို တာကတော့ သေချာ မဆုံး ဖြတ်ရသေး ဘူးလို့လည်း သိရပါတယ်။
လင်းအက္ခရာ