Monday, June 8, 2026

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း...

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄...

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း...

ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက်...

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင် ၆...
HomeInternationalစူးအက်နှင့်ပနားမားတူးမြောင်းများအခမဲ့ဖြတ်သန်းခွင့်ရသင့်--ထရမ့်ပ်

စူးအက်နှင့်ပနားမားတူးမြောင်းများအခမဲ့ဖြတ်သန်းခွင့်ရသင့်–ထရမ့်ပ်

စူးအက်နှင့် ပနားမားတူးမြောင်းများတွင် အမေရိကန် ကုန်သွယ်သင်္ဘောများနှင့် စစ်သင်္ဘောများ အခမဲ့ဖြတ်သန်းခွင့်ရရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုခဲ့ပြီး ယင်း ကိစ္စအတွက် ချက်ချင်းတိုးတက်မှုရအောင်ဆောင်ရွက်ရန် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကို တာဝန်ပေးလိုက်သည်။
          
ထရမ့်ပ်သည် ပနားမားတူးမြောင်းကို အမေရိကန်ပြည်ထောင်စုက လွှဲပြောင်းထိန်းချုပ်နိုင်ရေးအတွက် တောင်းဆိုနေခဲ့သော်လည်း သူ၏ ဆိုရှယ်မီဒီယာပို့စ်အရ အရေးပါသည့် စူးအက်တူးမြောင်းရေလမ်းကြောင်းဘက်ကို အာရုံပြောင်းသွားခဲ့သည်။ “အမေရိကရဲ့ စစ်ဖက်နဲ့ ကူးသန်းရောင်းဝယ်ရေးသင်္ဘောနှစ်မျိုးလုံးကို ပနားမားနဲ့ စူးအက်တူးမြောင်းတွေမှာ အခမဲ့ ဖြတ်သန်းခွင့်ပြုသင့်တယ်” ဟု ထရမ့်ပ်က စနေနေ့တွင် ပို့စ်တင် ပြောဆိုခဲ့သည်။
          
အမေရိက မရှိလျှင် ရေလမ်းကြောင်းနှစ်ခုလုံး တည်ရှိလိမ့်မည်မဟုတ်ဟု သူက ပြောဆိုခဲ့ပြီး အခြေအနေကို ချက်ချင်းအလေးဂရုပြုဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကို သူက ပြောခဲ့သည်။
         
တူးမြောင်းဖြတ်သန်းခကို ကုန်သွယ်လမ်းကြောင်းအား ကြီးကြပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်းဖြစ်သော ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့(ACP) က ကောက်ခံခြင်းဖြစ်ကြောင်း ပနားမားသမ္မတ ဟိုဆေး ရာအူးမူလင်နိုက ထရမ့်ပ်ကို တိုက်ရိုက်မရည်ညွှန်းပဲ စနေနေ့တွင် ပြောကြားခဲ့ပြီး အပြောင်းအလဲဖြစ်သော သဘောတူညီချက်မျိုး မရှိဟု ဆိုခဲ့သည်။
           
အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ယခုလအတွင်း ပနားမားစီးတီးသို့ သွားရောက်ခဲ့စဉ် အမေရိကသည် ၎င်း၏ စစ်သင်္ဘောများ ကို တူးမြောင်းကို အခမဲ့ဖြတ်သန်းနိုင်ရေး သဘောတူညီချက်ရရန် ကြိုးပမ်းနေသည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်း၏ မဟာဗျူဟာမြောက်အရေးပါသော တူးမြောင်းကို လုံခြုံအောင်ဆောင်ရွက်ရန် အမေရိကန်တပ်များ ပနားမားသို့ ပြန်လည်ဝင်ရောက်မည့် အကြံအစည်ကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ယင်းအကြံအစည်ကို ပနားမားအစိုးရက အလျင်အမြန်ပယ်ချခဲ့သည်။

Ref: သည်ဂါဒီးယန်း
         

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်လိုက်နေသည့် မိခင်အား သားဖြစ်သူက ကယ်ဆယ်ခဲ့သော်လည်း မိခင်သေဆုံး၊ သားဖြစ်သူ ဒဏ်ရာရမှု တောင်ဥက္ကလာပတွင် ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ ဇွန် ၇ ရက် နံနက် ၇ နာရီခန့်က အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓာတ်လိုက်နေစဉ် သားဖြစ်သူက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ကယ်ဆယ်စဉ် ဓာတ်လိုက်ဒဏ်ရာရရှိခဲ့သဖြင့် မိခင်ဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အပြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက...

ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071