Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsစူပါစတား တစ်ယောက်ဖြစ်အောင်...

စူပါစတား တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမယ့် မင်းသားသစ် ဇဏ်ခီ

Zan-Khi

မြန်မာအမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကား “မုဒြာရဲ့ခေါ်သံ”ကတော့ မြန်မာပြည်မှာ ရုံတင်ပြသမယ့်ရက်ကို စောင့်ဆိုင်းနေပါတယ်။ ဒီအချိန်မှာပဲ “မုဒြာရဲ့ခေါ်သံ” ဇာတ်ကားကို ဇူလိုင်လ ၁ရက်နေ့နဲ့ ၂၃ ရက်နေ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ပြသခွင့်နဲ့ မြန်မာ့ရုပ်ရှင်၊ မြန်မာ့ယဉ်ကျေးမှုပုံရိပ် ကမ္ဘာကိုချပြဖို့ ခြေဆန့်လို့ နေခဲ့ပါပြီ။ မြန်မာ့ဓလေ့ထုံမွမ်းတဲ့ ဒီဇာတ်ကားမှာ မင်းသား သစ်ဇဏ်ခီကလည်း ဇာတ်ကောင်စရိုက်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

” ကျွန်တော်က မန္တလေးမှာ ၁၃ နှစ်လောက်အထိ နေပြီးမှ US ကို ပြောင်း သွားတာဆိုတော့ ‘မုဒြာရဲ့ ခေါ်သံ’ က ဂျေလင်ဝယ်လင်ပေါ့။ အမေရိကမှာ ကြီးပြင်းတဲ့ မြန်မာတစ်ယောက် ဇာတ်ကောင်ဆိုတော့ ကျွန်တော်နဲ့ တော်တော်ကို ကိုက်ညီတယ်။ သူ့နေရာမှာ အများကြီး ခံစားပေးလို့ရတယ်။ ကျွန်တော် ပထမဦးဆုံး မြန်မာပြည် ပြန်လာတုန်းက ခံစားချက်တွေ ရှိခဲ့ဖူးတယ်။ ၁၄နှစ် ၁၅နှစ်လောက် ဝေး သွားချိန်မှာ သိပ်မမှတ်မိတဲ့ ကိစ္စတွေ၊ နိုင်ငံခြားသားတစ်ယောက် ပုံစံမျိုး ဖြစ် သွားတဲ့ စိတ်မျိုးလေးတွေပေါ့။ ရှိခဲ့ဖူးတော့ သူ့နေရာမှာ နေကြည့်လို့ရတယ်။ အဲဒါတွေက ကျွန်တော့်ကို အထောက်အကူ ဖြစ်တယ်ပေါ့။

နောက်တစ်ခုက ဒီဇာတ်ကားရဲ့ Productionမှာ Acting Workshop  တစ်ခုရှိတယ်။ ပြင်သစ် က  မစ္စတာ ချယ်ရီဘလူးကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ သရုပ်ဆောင်အားလုံး Work Shop လုပ်တဲ့အချိန်မှာပေါ့။ သူထရိန်နင်ပေးတဲ့ အချိန်မှာ ဘဝမှာ ခံစားချက်တွေ၊ တွေ့ဖူးတဲ့ အတွေ့အကြုံတွေကို သရုပ်ဆောင် ချိန်မှာ ထုတ်တတ်လာအောင် သင်ကြားပေးခဲ့တယ်ပေါ့။ အဲဒါတွေက အများကြီး အကျိုးပြုခဲ့ပါတယ်”လို့ ပြောခဲ့ ပါတယ်။ မင်းသားသစ် ဇဏ်ခီက ‘မုဒြာရဲ့ ခေါ်သံ’ မှာ သရုပ်ဆောင်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။ အားလုံးညီညွှတ်စည်းလုံးစွာ ကြိုးစားခဲ့ရ တဲ့အတွက် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသမှုက အရမ်းဂုဏ်ယူစရာပါလို့ ပြောပါတယ်။ ဇာဏ်ခီအနေနဲ့ ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် သရုပ် ဆောင် ခဲ့တဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားက အောင်မြင်ခဲ့သလို ဒုတိယ မြောက်အဖြစ် ‘ဥပါယ်တံမျဉ်’ ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါ သေးတယ်။ ဂီတလိုင်းကိုလည်း ဝါသနာပါတဲ့ ဇာဏ်ခီက အခွေထုတ်ဖို့ စိတ်ကူး ရှိသလို လောလောဆယ်တော့ သရုပ်ဆောင်ပိုင်းကို ဦးစားပေးလုပ်ဆောင် နေကြောင်း လည်း သိရပါတယ်။ သရုပ်ဆောင်သစ် ဇာဏ်ခီကတော့ သူယုံကြည်ရာ အနု ပညာအပေါ်မှာ ယုံကြည်မှု အပြည့်အရှိန်ဟုန်မြင့်မြင့်နဲ့ ကြိုးစားသွားမှာ ဖြစ်သလို သူ့ရဲ့ စိတ်ကူးဆန္ဒကို မေးကြည့်ရာမှာတော့ ………..

“ကျွန်တော်ကတော့ အမြဲကြိုးစားနေမှာပါ။ အနုပညာအပေါ်မှာ အမြဲ သစ္စာရှိအောင် ကြိုးစားပါတယ်။ ကျွန်တော်ဖြစ်ချင်တဲ့ စိတ်ဆန္ဒကတော့ မြန်မာ ပြည်ဖွား အင်တာနေရှင်နယ် စူပါစတား တစ်ယောက်လောက် ဖြစ်ချင်တယ်ပေါ့။ အဲဒီလောက်ထိ မျှော်မှန်းထားပါတယ်။ ပရိသတ်အားပေးမှုကိုလည်း ကျွန်တော် အများကြီးမျှော်လင့်ပါတယ်။” လို့ ဇာဏ်ခီက သူ့ရဲ့ စိတ်ကူးအိမ်မက်ကို ပြောပြခဲ့ ပါတယ်။

မျိုးကျော်(ကနောင်သွေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071