လတ်တလောမှာတော့ သရုပ်ဆောင် ရတနာဖြူဖြူအောင်က ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားထားပြီး သီချင်းစီးရီး တစ်ခွေထွက် ရှိဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။”သီချင်းခွေလုပ်ဖို့အတွက် ကားရိုက်တွေ နားထားတယ်။သီချင်း ခွေက လုပ်မယ်၊ လုပ်မယ်နဲ့ ၅ ပုဒ် လောက်မှာ နားထားရတော့ အခုဆက်လုပ်နေတယ်။ ဒီနှစ်အတွင်းမှာ စီးရီးခွေထွက်နိုင်ဖို့ လုပ်နေပါတယ်”လို့ ရတနာဖြူဖြူအောင်က ပြောပါတယ်။
ရတနာဖြူဖြူအောင်က သူမ ရိုက်ကူးထားပြီး ထွက်မလာသေးတဲ့ ဇာတ်ကားတွေလည်းရှိပြီး သီချင်းခွေကို ဒီနှစ်အတွင်းမှာ ထွက်ချင်တဲ့ အတွက် သီချင်းကိုပဲ အားစိုက်လုပ်နေတယ်လို့လည်း ပြောပါတယ်။သူမရဲ့ သီချင်းစီးရီးမှာတော့ Pop ဆန်ဆန် သီချင်းပုံစံတွေပါမှာဖြစ်ပြီး သီချင်း ၁၂ ပုဒ်ခန့် ထည့်မယ်လို့ စိတ်ကူးထားကြောင်းသိရပါတယ်။
“လောလောဆယ် အနေနဲ့ Featuring ကတော့ ကိုဇော်ပိုင်ပါမယ်။ တခြားသူတွေလည်း ပါပါ တယ်။ဒါပေမဲ့ တစ်ယောက်တည်း အပုဒ်တွေ ပိုများပါတယ်။ သီချင်းအားလုံး ၁၂ ပုဒ် ပါပါမယ်။တေး ရေးတွေလည်း အစုံပါပဲ။ Pop ပုံစံ သီချင်းလေးတွေ ပါပါတယ်။အဲဒီ အခွေလည်းက လုပ်နေတာကြာပြီ ဆိုတော့ ဒီနှစ်ထဲမှာ အပြီးထွက်ချင်တယ်။ ဒါကြောင့် အမြန်လုပ်နေတာ။ ဇာတ်ကားရိုက်တွေကလည်း မရိုက်ကူးတော့ဘူးတော့ မဟုတ်ပါဘူး။ နောက်ပိုင်းတော့ ပြန်ရိုက်ဦးမှာပါ။ အခုတော့သီချင်းခွေလေးကို အပြီးဖြတ်ချင်တဲ့အတွက် ပါ” လို့ ရတနာဖြူဖြူအောင်က ပြောပြခဲ့ပါတယ်။
ရဲရဲ၊ ဓာတ်ပုံ-မင်းမင်းထွန်း