Saturday, May 24, 2025

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...

အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath...

ယ‌မန်နေ့ မေလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားအား အိန္ဒိယစင်တာ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင်...

ပထမအချီမပြီးဆုံးခင် ပြိုင်ဘက်၏ အလဲထိုးခြင်းခံခဲ့ရသည့် အဲမွီ

ယမန်နေ့ မေ(၂၃)ရက် ညပိုင်းက ONE -109 ပွဲစဉ်၏ ဒုခေါင်တွဲဆိုင်းနေရာတွင် ထိုင်းဖိုက်တာ Wuttikrai Wor Chakrawut နှင့် ရိုးရာဖိုက်တာ...
HomeNewsLocal Newsစီးပွားရေးခိုင်မာတောင့်တင်း အားကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံများပါဝင်သည့်...

စီးပွားရေးခိုင်မာတောင့်တင်း အားကောင်းလာစေရေးအတွက် အာဆီယံနိုင်ငံများပါဝင်သည့် အစည်းအဝေး အင်းဒိုနီးရှားတွင် ကျင်းပ

အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းချိတ်ဆက်၍ ဒေသတွင်း စီးပွားရေးခိုင်မာတောင့်တင်းပြီး အားကောင်းလာစေရေးအတွက် (၉၅) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN-BAC) အစည်းအဝေး နှင့်(၂၁) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြိုရှိ Shangri-La Hotel တွင်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင်ကျင်းပခဲ့ပြီး ASEAN Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia)နှင့် အာဆီယံအဖွဲဝင်နိုင်ငံများမှ တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ Senior Executive Advisor ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

အစည်းအဝေးတွင် ASEAN – BAC ဥက္ကဋ္ဌ Mr. Neak Oknha Kith Meng (ASEAN-BAC Cambodia) မှ Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia) ထံသို့ဥက္ကဋ္ဌ တာဝန်လွဲပြောင်းပေးအပ်ခဲ့ပြီး Mr. Arsjad Rasjid P.M. က Chairmanship အနေဖြင့် တာဝန်ယူသည့်ကာလအတွင်း လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ၊ ကျင်းပသွားမည့်ပွဲ၊ အခမ်းအနားများနှင့် အာဆီယံနိုင်ငံများသို့၎င်းကိုယ်တိုင်သွားရောက်မည့် အလုပ်ခရီးစဉ်အကြောင်းများကို ပြောကြားခဲ့သည်။

ယင်းအပြင် (၉၄) ကြိမ်မြောက် ASEAN-BAC အစည်းအဝေး၏ အကျဉ်းချုံးမှတ်တမ်းကိစ္စရပ်များ၊ အာဆီယံနိုင်ငံများ၏ Legacy Projects များ၊ ASEAN Policy Advocacy, ASEAN Business & Investment Summit, ASEAN Business Awards  များနှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပြီး ၊ တစ်ဆက်တည်းတွင် (၂၁) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးကို ကျင်းပခဲ့ရာ  ဒီဂျစ်တယ် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကိစ္စရပ်များ၊ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းများကို တက်ရောက်လာသော အာဆီယံနိုင်ငံများ၏လုပ်ငန်းကဏ္ဍအလိုက် ခေါင်းဆောင်အသီးသီးမှ လက်ရှိဆောင်ရွက်နေသော အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ညနေပိုင်း Chairmanship Handover Ceremony Dinner ကို ဆက်လက်ကျင်းပခဲ့ပြီး ASEAN Business Advisory Council (ASEAN  BAC) ဥက္ကဋ္ဌ Mr. Neak Oknha Kith Meng (ASEAN-BAC Cambodia) က Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia) ကို တာဝန်လွဲပြောင်း ပေးအပ်ခဲ့ပြီး အခမ်းအနားတွင် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများမှ ASEAN-BAC တာဝန်ယူထားသည့် ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀ ကျော်တင်ပို့ခဲ့

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် (၂၃၆ ဒသမ ၉၁) တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၀ ဒသမ ၃၅၅) သန်းကျော်ရရှိကြောင်း သိရသည်။ ထိုသို့တင်ပို့ရာတွင် ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် (၉၆ ဒသမ၂၁) တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၁၄၄,၃၁၅) ဒေါ်လာရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန် (၁၄၀...

အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့ကျင်းပ

ယ‌မန်နေ့ မေလ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၏ပထမဆုံးသော နိုဘယ်လ်စာပေပညာဆုရှင် Gurudev Rabindranath Tagore ၏ ၁၆၄ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အခမ်းအနားအား အိန္ဒိယစင်တာ၌ကျင်းပခဲ့သည်။ အခမ်းအနားတွင် Tagore Jayanti နှင့် ပတ်သက်၍ သံအမတ်ကြီး Abhay Thakur မှ မိန့်ခွန်းပြောကြားကာ Tagore Society Myanmar မှ ကိုယ်စားလှယ် Mr. T.K. Paul, Mrs. Aalo Dass နှင့် Tagore Society မှ အဖွဲ့ဝင်များမှ ဆီးမီးထွန်းညှိခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071