စိုးရိမ်ရေမှတ် ကျော်လွန်နေတဲ့ မြို့ ၃မြို့ ရေဆက်လက် တက်နိုင်ဖွယ်ရှိနေ
ပြီးခဲ့တဲ့စက်တင်ဘာလ ၂ရက်နေ့က စိုးရိမ်ရေမှတ်ကိုရောက်ရှိခဲ့တဲ့ ဆိပ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့တို့ရဲ့ဧရာဝတီမြစ်ရေဟာ အခုဆိုရင် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ဆိပ်သာမြို့ရဲ့ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ၉လက်မခန့်ကျော်လွန်နေပြီး ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာတော့ ပေဝက်ခန့်ကျော်လွန်နေပြီလို့သိရပါတယ်။
နောက် ၃ရက်အတွင်း အဆိုပါမြို့ ၃မြို့ရဲ့ဧရာဝတီမြစ်ရေဟာ ဆက်လက်တက်လာနိုင်ဖွယ်ရှိသေးတယ်လို့
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။
ယခုတိုင်းထွာချက်တွေဟာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့ စက်တင်ဘာလ ၄ရက်နေ့တိုင်းထွာချက်များပဲဖြစ်ပါတယ်။
ဒါကြောင့် အဆိုပါမြို့ ၃မြို့ရဲ့ မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေကို အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။