နိုင်ငံတစ်ဝန်းလုံးရှိ စိုက်ပျိုးရေးနှင့် မွေးမြိူရေးသိပ္ပံကျောင်းမှ ဒီပလိုမာ လက်မှတ်ရရှိသူ (၅၈၆၃) ဦးကို မွေးထုတ်ပျိုး ထောင်နိုင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်အ သီးသီးမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (၁၅) ကျောင်းအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ဒီပလိုမာ ပြီးမြောက်သူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုး ရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) တို့တွင် ဆက်လက်၍ ဘွဲ့ကြိုနှင့်ဘွဲ့လွန်ပညာရပ်များ သင်ယူခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ပါက သတ်မှတ်ကာလတွင် On Deputa- tion ဖြင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် အနေဖြင့် စိုက်ပျိုးရေး အခြေခံကုန်ထုတ်လုပ်မှု (Agro-based Industries) ကို ထွန်းကာအောင် အဓိကဦး စားပေးဆောင်ရွက်လျက်ရှိပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပန်းတိုင်များကို အာရုံစိုက်ဆောင်ရွက်လျက်ရှိရာ “နိုင်ငံတော်ရွှေသီးဖို့ ကုန် ထုတ်လုပ်မှုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ ကဏ္ဍအသီးသီးကို ချိတ်ဆက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
