အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်အိန္ဒိယစားသောက်ကုန် ထုတ် လုပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် H.E. Mr. Sanoj Kumar Jha တို့ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်အား အိန္ဒိယနိုင်ငံ၊စားသောက်ကုန် ထုတ်လုပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် H.E. Mr. Sanoj Kumar Jha ဦးဆောင်သည့် အမျိုး သားရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးအေဂျင်စီ Invest India မှအကြီးတန်း Senior Assistant Vice President Mr. Gaurv Sishodia နှင့်အဖွဲ့မှ ဒီဇင် ဘာ ၂၈ ရက်နေ့လည် ၃ နာရီက နယူးဒေလီမြို့၌ လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် စိုက်ပျိုးရေးနှင့်အစားအစာထုတ်လုပ်ရေးကဏ္ဍ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု တွဲဖက်အတွင်းဝန်ကဆွေးနွေးပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိ၍ အိမ်နီးချင်းမြန်မာနိုင် ငံမှ ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ကြားခဲ့ပြီး ယင်းကဏ္ဍ၌ နှစ်နိုင်ငံကြား နည်းပညာ၊ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးတို့အား တိုးမြှင့်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

