၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား တိုင်းနှင့်ပြည်နယ်(အလွတ်တန်း ဖိတ်ခေါ်)အသက်(၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လု ပွဲအား မန္တလေးတိုင်းအသင်းနှင့်ရှမ်းပြည်နယ်အသင်းတို့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ဗိုလ်လုပွဲတွင် မန္တလေးတိုင်းအသင်းက ရှမ်းပြည် နယ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိကာ ပ ထမဆုရရှိခဲ့သည်။
ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းအသင်းအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ဆုတံဆိပ်ရရှိသည့် အသင်းများနှင့်တစ်ဦးချင်းအကောင်းဆုံးဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့်ချီးမြှင့်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား တိုင်းနှင့်ပြည်နယ်(အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈) နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲအား ဒီဇင် ဘာ ၅ ရက်မှစတင်၍ မြန်မာ့ဘောလုံး အားက စားလောကအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊တိုင်းနှင့်ပြည်နယ်များမှထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်(အမျိုးသမီး)ဘောလုံးအား ကစားသမားများစွာပေါ်ထွက်လာစေရန် ရည်ရွယ် ၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အား ကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ် သည်။





