Tuesday, January 13, 2026

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုနှင့် ထရမ့်ပ် တွေ့မည်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကရာကတ်စ်ရှိ ယာယီအစိုးရခေါင်းဆောင်ပိုင်းအပေါ် ဖိအားများတိုးမြင့်လာချိန်တွင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒိုသည် ယခုသီတင်းပတ်တွင် သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsစိတ်ဝင်တစား စောင့်ကြည့်ခဲ့ရသည့် မြောက်ပိုင်းမဟာမိတ်...

စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရသည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် နစက ဆွေးနွေးပွဲ ရလဒ်မထွက်သေး

တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် (၃) ရက်တာ ဆွေးနွေးရန် စီစဉ်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် နစက ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးပွဲမှာ ရလဒ်ထူးထူးခြားခြား မထွက်ဘဲ (၂) ရက်ဖြင့်သာ ရပ်နားခဲ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ အထူးဒေသ(၄) မိုင်းလားမြို့တွင် ဇွန်လ (၁) ရက်က စတင်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် နှစ်ဘက်တင်ပြဆွေးနွေးမှု အချို့ကိုလုပ်ဆောင်ခဲ့သော်လည်း ရေရာသည့် ဆုံးဖြတ်ချက်ချ မှတ်နိုင်ခြင်းမျိုး မရှိဘဲ ယမန်နေ့ ဇွန် (၂) ရက်တွင် ဆွေးနွေးပွဲကို ရပ်နားခဲ့ရခြင်း ဖြစ်သည်။

MNDAA , TNLA နှင့် AA တို့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC တို့ နစက လက်ထက်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး မိုင်းလားအဖွဲ့က ဆွေးနွေးပွဲကို ကမကထပြု စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲ ပထမနေ့တွင် ညီနောင်မဟာမိတ် အဖွဲ့များဖက်က ဖမ်းဆီးခံထားရသည့် အဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်ရေး၊ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးရေး၊ မိုခါမုန် တိုင်းဒဏ်သင့် ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများ စောလျဉ်စွာရောက်ရှိနိုင်ရေး စီမံဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

NSPNC ဘက်မှ ဒီမိုကရေစီကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၊ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် လက်တွဲဆောင်ရွက်နိုင်ရေးကိစ္စများဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ရလဒ်တစုံတရာထုတ်ပြန်ခြင်း မရှိသော်လည်း ဆက်လက်ဆွေးနွေးရန် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်အား တင်ပြမည့်အခြေအနေဖြစ်ကြောင်း သိရသည်။

ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် AA အဖွဲ့၏ ပြောခွင့်ရသူ ဦးခိုင်သုခက ယခုဆွေးနွေးမှုသည် အချိန်ယူ စောင့်ကြည့်ရဦးမည့် အခြေအနေဖြစ်ကြောင်း ယမန်နေ့က မီဒီယာအချို့ကို ပြောကြားထားသည်ကိုလည်း တွေ့ရသည်။

ယခု ဆွေးနွေးမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲအား ကမကထလုပ် ကြားဝင်ညှိနှိုင်းပေးခဲ့သည့် တရုတ်အစိုးရအနေဖြင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် နစကတို့အကြား ငြိ မ်းချမ်းရေး တည်ဆောက်နိုင်ရန် ဆက်လက်ပါဝင်နိုင်သည့် အနေအထားရှိကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင်လည်းဖြစ်သည့် ဒေါက်တာအေးမောင်က သုံးသပ်သည်။

” တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ ပါတီစုံ စနစ်တို့ ၊ ရွေးကောက်ပွဲတို့ ၊ ငြိမ်းချမ်းရေးတို့ ၊ ဒါတွေကိုလည်း တစ်ဖက် က မစဥ်းစားရင်တော့ ဆွေးနွေးပွဲက ရှေ့သွားဖို့ ခက်မှာပေါ့ဗျာ။ တင်ပြချက်တွေကို နှစ်ဖက်က ဆွေးနွေးမှရှေ့ကိုသွားမယ့် ဒုတိယအကြိမ် ဆွေးနွေးပွဲက ဖြစ်လာမှာပေါ့။ ကျွန်တော်တို့ကတော့ ဆွေးနွေးပွဲ ရလာဒ်တစ်ခု ထွက်စေချင်တယ်။ ဆွေးနွေးပွဲ အောင်မြင်အောင်လည်း တရုတ်အစိုးရဖက်က ပိုပြီးတော့ ထဲထဲဝင်ဝင် ဖိဖိစီးစီးနဲ့ ဆောင်ရွက်ပေးစေချင်တယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ယခုဆွေးနွေးပွဲနှင့် ပတ်သက်၍ မပြီးပြတ်သေးသည့် အချက်အလက်များနှင့် ပတ်သက်၍ အဆင်ပြေသည့်အချိန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဟု နစကဘက်က ထုတ် ပြန်ထားသည်ကို တွေ့ရသည်။ 
ဆွေးနွေးပွဲ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ညီ နောင်မဟာမိတ် အဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုး စားခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရခဲ့သည့်အတွက် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

ဇွန်လ (၁) ရက်က စတင်ခဲ့သည့် ယင်းဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ ညှိနှိုင်းရေးကော်မတီ အတွင်း ရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ တြိဂံဒေသတို င်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ ဆန်တန်ချိန်(၅၀၀)လှူဒါန်း

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊ Asia World Port Terminal ၌လှူဒါန်းခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဆန်တန်ချိန် (၅၀၀)ပေးပို့လှူဒါန်းမည့် စာရွတ်စာတမ်းများအား မြန် မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs .Prabashini Ponnamperuma ထံပေးအပ်ခဲ့ကြောင်း သိရသည်။ ထိုနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာသန်းစိုး၊ မြန်မာနိုင်ငံဆိုင် ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E.Mrs...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071