Friday, December 5, 2025

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...

ဆီးဂိမ်းပြိုင်ပွဲတွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့်...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)တွင် အမိနိုင်ငံအတွက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပေးနိုင်သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...
HomeCelebrities' Newsစိတ်ညစ် ခဲ့ရတဲ့ အချိန်ကာလတစ်ခု...

စိတ်ညစ် ခဲ့ရတဲ့ အချိန်ကာလတစ်ခု Lလွန်းဝါ ဘယ်လို ရုန်းထွက်ရခဲ့သလဲ

လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကာလ တုန်းက Lလွန်းဝါက ဂီတလောက နဲ့ကော ပရိသတ်တွေနဲ့ပါ အဆက် အသွယ် ပြတ်ခဲ့သလို သူ့အနေနဲ့ ငြိမ်ချက်သား ကောင်းခဲ့ပါတယ်။ အဲဒီကာလမှာတော့ သူဟာစိတ်ရှုပ်ထွေးစရာတွေ အများ အပြားနဲ့ ကြုံတွေ့ခဲ့ရပါတယ်။  ဒီလို စိတ်ရှုပ်ထွေးမှုတွေကနေ သူဟာ ဘယ်လို ရုန်းကန်ပြီး ပြန်လည်ကြိုးစားရပ်တည်ခဲ့လဲဆိုတာကို သူက…

“လူတိုင်းလူတိုင်းမှာ စိတ်ညစ်တဲ့ အချိန်တစ်ချိန်တော့ ရှိကြမှာပါပဲ။ အဲဒီလို ကြုံတဲ့အချိန်မှာ အစ်ကိုလည်း သတ်သေချင်လောက်တဲ့အထိ ကို စိတ်ညစ်တာထက်ကိုယ့်ကိုယ် ကိုယ်ဒေါသထွက်တာတွေလည်း ပါတယ်။  စိတ် တိုမိတယ်။ ငါ့ဘဝကြီးကကွာ ဒီလိုမျိုး ဖြစ်ရလားကွာ ဆိုပြီးတော့ စဉ်းစားမိတယ်။ အဲဒီအချိန်မှ ဘာဖြစ်လဲဆိုတော့ မဟုတ်တာတွေ အများကြီး ဝင်လာတယ်။ အရက် သေစာသောက်စားတာတွေရှိမယ်။ အပျော်အပါးတွေ သွားတာရှိမယ်။ တစ်ယောက် တည်းသွား တစ်ယောက်တည်းလုပ်ခဲ့တယ်။ ဘယ်သူမှ အဖော်မပါဘူး။ စမ်းတယ်ကွာဆိုပြီး အကုန်လုံးလျှောက်စမ်းခဲ့တယ်။ အဲဒီလို ဘဝတစ်ကနေပြီးတော့မှ ပျော်စရာ တွေ စိတ်သက်သာရာ တွေကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့မှရေရှည်အဆင်မပြေဘူး။ အဲဒီတစ်နှစ်တာ အချိန်က ဘယ်လိုကုန်သွားမှန်းမသိလိုက်ဘူး အဲဒီတစ်နှစ်တာ အတွင်းမှာ မျိုးစုံ ဖြစ်ခဲ့တယ်။ ကိုယ့်ဘဝ မှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်သွားတယ်။ အဲဒီတော့ အစ်ကို့အနေနဲ့ အစ်ကိုကြုံတွေ့ ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး လူငယ်တွေကို ဘယ်လို အကြံပြုချင်လည်းဆိုတော့ အဲဒီပေါက်နေတဲ့ အပေါက်ကြီးကို ကိုယ်ယုံကြည်ရာ ဘာသာတရား တစ်ခုနဲ့ အစားထိုးစေချင်တယ်။ ပေါက်သွားတယ်လို့ တင်စားချင်တယ်။ သဘောတစ်ခုက ဘာမှမကျန်တော့ဘူး။ ဗလာကြီးဖြစ်သွားတယ်။ မျှော်လင့် ချက်တွေလည်းမဲ့သွားတယ်။

အဲဒီတော့အပြင်မသွားအောင်လို့၊ အရက်မသောက် ရအောင် လို့ တားလို့ရတယ်။ ဒါပေမဲ့ အဲဒါခဏပဲ ။ တစ်ကယ်တမ်း ဘယ်လို သွားသင့် လည်း ဆိုတော့အစ်ကိုဆိုရင် ဘယ်လိုပုံစံ ပြောင်းသွားလဲဆိုတော့ တရားဟောတာတွေ ပြန်နားထောင်တယ်။ ဘုရား တရားပေါ်မှာ ပိုပြီးတော့မှ အာရုံစိုက်စေချင် တယ်။ အသိုင်းအဝိုင်းပါချိန်းသွားတယ်။ ဘုရားတရား နားထောင်နေတဲ့ သူတွေနဲ့ သွား တယ်။ ဘုရားကိုချစ်တဲ့ သားသမီးတွေ ကြားထဲမှာပဲ ပြန်နေတဲ့ အခါကြတော့ ခုနတုန်းက လက်လှမ်းမှီတဲ့ အရာတွေ အကုန်လုံး ပျောက်သွားတယ်။ သဘော တစ်ခုက ညနေဆိုရင် ဘီယာသောက်ရအောင် လို့ ခေါ်တဲ့ သူငယ်ချင်းတွေထက် စာရင်မနက်ဖြန်ကျရင် တရားပွဲ သွားရအောင်လို့ ခေါ်တဲ့ သူငယ်ချင်း တွေ ကြားထဲပြန်ရောက်သွားခဲ့တယ်။ လူငယ်တွေကို ပြောချင်တာကတော့ အပေါင်း အသင်းတွေ ခဏချိန်းလိုက်” လို့ Lလွန်းဝါက ပြောပြပါတယ်။

လင်းအက္ပရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071