Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...
HomeCelebrities' Newsစိတ်ကူးယဉ်အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ အလှမယ်...

စိတ်ကူးယဉ်အိပ်မက်တစ်ခုကို လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း

အလှမယ်တစ်ဦးဖြစ်သလို မော်ဒယ်တစ်ဦးလည်းဖြစ်တဲ့ ထက်ထက် ထွန်းကတော့ လက်ရှိမှာ စီပွားရေးကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး မျိုး ဆက်သစ် အနုပညာရှင်များအတွက် Model Museum Myanmar မော်ဒယ် သင်တန်းတစ်ခုလည်းဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ သူမရဲ့ Model Museum Myanmar မော်ဒယ်သင်တန်းနဲ့ ပတ်သက်ပြီး “သင်တန်းတက်မယ့် သူတွေ က တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေကြတာများတယ်။ အဲဒါကြောင့် သူတို့ကို စောင့်နေတာလည်းပါတယ်။ သင်တန်းအပ်တာကတော့ လက်ခံနေပါပြီ။

မော်ဒယ်သင်တန်း ဖွင့်ဖြစ်တာကတော့ထက် မော်ဒယ်လုပ်လာခဲ့တဲ့ သက်တမ်း တစ်လျှောက် အဲဒီလိုသင်တန်းမျိုးဖွင့်ဖို့ ဆိုတာထက်ရဲ့ စိတ်ကူးယဉ် အိပ်မက်လေးတစ်ခုပါ။ ထက် တစ်နေ့ကျရင် ခုလိုသင်တန်းလေးတစ်ခု ဖွင့်ပြီး ထက်လို ဝါသနာပါတဲ့ သူတွေကို လမ်းကြောင်းမှန်လေးတစ်ခု ရောက် အောင်လုပ်ပေး ဖို့စဉ်းစားထားတာပါ။ ခုအချိန်မှာ ထက်က လည်း ထိုက်သင့်တဲ့ အနုပညာ ဝမ်းစာလည်း ရှိလာပြီ။ ကိုယ်မှာလည်း Image လေးတစ်ခု ရှိလာပြီလို့ ယုံကြည်တာကြောင့် ဒီသင်တန်းလေး ဖွင့်ဖြစ်ခဲ့တာပါ။ ဒီသင်တန်းမှာ အခြား Trainers တွေအနေနဲ့ မော် ဒယ်သရုပ်ဆောင် နှင်းယမှုံဦးပါတယ်။ နောက်ပြီးထက်ရဲ့ လက်ဦးဆရာဖြစ်တဲ့ မမေစံပယ်ပါတယ်။ ယောင်္ကျားလေးဆိုရင် ပိုင်တံခွန်၊ ခါရာ၊ ထွန်ကိုကို တို့လည်းပါတယ်။ ဒီ သင်တန်းကတော့ မော်ဒယ်တွေ၊  Master တွေဖြစ်ချင်တဲ့ သူမှမဟုတ်ပါဘူး။ သာမန် လူတွေ၊ ရုံးသမားတွေအတွက်ပါ တစ်နေ့တာ စမတ်ကျကျ နေထိုင် နိုင်ဖို့အတွက်လည်း သင်ပေးတာလည်ရှိပါတယ်။ အဲဒီလိုမျိုး တက်ချင်တဲ့ သူတွေကိုလည်း သီးသန့်သင်ပေးပါတယ်။ နောက်ပြီ သင်တန်းပြီးသွားရင် သင်တန်းသား သင်တန်းသူတွေကို ခြောက်လတစ်ကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်ပေးပါမယ်။ ပြီးတော့ တစ်နှစ်တာ သင်တန်းဆင်းသွားတဲ့ သူတွေထဲက Master&Miss Model Museum  ရွေးချယ်ပွဲကိုလည်း တစ်နှစ်တစ်ကြိမ် လုပ်သွားဖို့ရှိ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ သူမကတော့ Miss Unverse Myanmar 2016 အလှမယ်တစ်ဦးအဖြစ်Miss Universe 2016 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ-ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071