Saturday, January 18, 2025

တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ပြန်ပို့ရေး ဆောင်ရွက်မှု ကျမ်းသစ္စာဆိုပြီးနောက်တစ်နေ့...

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့တွင် အမေရိကန်ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည်ဆိုသည့် သူ၏ မဲဆွယ်စည်းရုံးစဥ်က ကတိကဝတ်ကို သူ့အစိုးရအဖွဲ့က အထူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

ရှီနှင့် ဖုန်းပြောဆိုမှုအလွန်အဆင်‌ပြေ–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်တကျော့ပြန်ရာထူးအတွက် ပြင်ဆင်မှုများလုပ်နေသော အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းမှပြောဆိုမှုသည် အလွန် အဆင်ပြေခဲ့သည်ဟု ပြောဆိုလိုက်သည်။ “တရုတ် (ပါတီ)...

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက်...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ...
HomeNewsLocal Newsစားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေး (၁) ပိဿာ (၃၉၆၀) ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ၇၀၀၀ ဝန်းကျင်၌ရှိနေ

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ(၃၉၆၀)ကျပ်သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၇၀၀၀) ကျပ် ဝန်းကျင်ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ရည်ညွှန်းဈေးမှာ မေလ (၂၉) ရက်မှ ဇွန် (၄) ရက်နေ့အထိ ရောင်းချရန်သတ်မှတ်ထားသည့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ပိဿာ (၆၁၀၀) ကျပ်မှ ၇၀၀၀ ကျပ်ဝန်းကျင်အထိ ရောင်းချနေခြင်း ဖြစ်သည်။

အဆိုပါ ဆီဈေးနှုန်းများမှာ နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုများ ရှိနိုင်ကြောင်း ဈေးကွက်အတွင်းမှ ဝယ်ယူအသုံးပြုနေရသူများထံမှ စုံစမ်းသိရသည်။

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (၁၀) သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆) သိန်းမှ (၇) သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှတဆင့် သိရသည်။

ဈေးကွက်အတွင်း စားအုန်းဆီ ရောင်းချသူများအနေဖြင့် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ပြန်ပို့ရေး ဆောင်ရွက်မှု ကျမ်းသစ္စာဆိုပြီးနောက်တစ်နေ့ ထရမ့်စတင်မည်

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့တွင် အမေရိကန်ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည်ဆိုသည့် သူ၏ မဲဆွယ်စည်းရုံးစဥ်က ကတိကဝတ်ကို သူ့အစိုးရအဖွဲ့က အထူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်မျကို ကိုးကား၍ Wall Street Journal က သောကြာနေ့တွင် ရေးသားဖော်ပြခဲ့သည်။ “အကြီးစား လူဝင်မှုကြီးကြပ်ရေး စီးနင်းမှု” ဟု အမည်ပေးထားသော ဆောင်ရွက်မှုကို အင်္ဂါနေ့ နံနက်တွင် ချီကာဂို၌ စတင်မည်ဖြစ်ပြီး သီတင်းပတ်တစ်ပတ်လုံး ဆောင်ရွက်သွားရန်မျှော်လင့်ထားကြောင်း သိရသည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ထိန်းသိမ်းရေး တပ်ဖွဲ့သည် စစ်ဆင်ရေး...

ရှီနှင့် ဖုန်းပြောဆိုမှုအလွန်အဆင်‌ပြေ–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် အိမ်ဖြူတော်တကျော့ပြန်ရာထူးအတွက် ပြင်ဆင်မှုများလုပ်နေသော အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဖုန်းမှပြောဆိုမှုသည် အလွန် အဆင်ပြေခဲ့သည်ဟု ပြောဆိုလိုက်သည်။ “တရုတ် (ပါတီ) ဥက္ကဋ္ဌ ကြီးနဲ့ အခုပဲ စကားပြောခဲ့ပါတယ်” ဟု ထရမ့်ပ်က သူ၏ ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ “ကျွန်တော့်ရဲ့ မျှော်မှန်းချက်က ပြဿနာတွေကို အတူတကွဖြေရှင်းကြဖို့နဲ့ ချက်ချင်းပဲ စတင်ကြဖို့ဖြစ်ပါတယ်” ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။ သူတို့နှစ်ဦးသည် ကုန်သွယ်ရေး၊ ဖန်တနိုင်းလ်မူးယစ်ဆေး၊ TikTok အရေးနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံလုံးအတွက် အလွန်ကောင်းမွန်သည့်...

အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများလာသည့်အတွက် ရန်ကုန်တွင်တိုက်ခန်းငှားရမ်းခများ မြင့်တက်လာ

အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်ကြသူများ ယခင်ထက် ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့၏ အိမ်ခန်းအငှား ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေကြောင်း စုံစမ်းသိရသာည်။ “နယ်က အကြောင်းအမျိုးမျိုးနဲ့ လာတဲ့လူတွေက များလာတယ်။ အိမ်ငှား၊ ပွဲစားတွေက ဈေးတင်ရို-က်ကြတယ်။ အဲဒီတော့ ဈေးတွေက တက်လာတာပေါ့” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်၌ အိမ်အငှားဈေးကွက်သည် ယမန်နှစ်ကထက် လက်ရှိ ၂၀၂၅ အစပိုင်းတွင် ဆက်တိုက်မြင့်တက်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။ “အရင်က နှစ်သိန်း၊ တလချင်းဆီ တက်သွားတာ ၊ အခု တစ်လ သုံးသိန်း ပေးနေရတယ်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071