စီးပွားကူးသန်း ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသည့် ယနေ့ ဩဂုတ်လ (၇) ရက်မှ (၁၃) ရက်အထိ ဈေးကွက်အတွင်း ရောင်းချရမည့် အခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ချက်မှာ တစ်ပိဿာ (၄၁၅၀) ကျပ်ဖြစ်သည်။
အဆိုပါ ဈေးနှုန်းမှာ ပြီးခဲ့သည့် အပတ်ကထက် (၁၄၅) ကျပ် ကျဆင်းလာခြင်းဖြစ်ပြီး ပြီးခဲ့တစ်ပတ်က ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးမှာ တစ်ပိဿာ (၄၂၉၅) ကျပ် သတ်မှတ်ထားခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင်လည်း ပြီးခဲ့သည့် တစ်ပတ် အားအုန်ဆီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် (၁၀၀၀၀) ဝန်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် (၈၀၀၀) ကျပ်ဝန်းကျင်အထိ ကျဆင်းလာကြောင်း သိရသည်။
စားအုန်းဆီ တင်ပို့ ရောင်းချသူများအနေဖြင့် ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်းဆီ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့်ပတ်သက်၍ မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။