ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာ ၂,၃၃၆,၂၆၂ဒသမ ၅၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ နိုဝင်ဘာ ၂၆ ရက်က ရောင်းချပေးခဲ့သည်။
ယင်းနေ့ FX Trading တွင် ကား/ဆိုင်ကယ်အပိုပစ္စည်း၊စားသုံးကုန်စည်၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ ထုပ်ပိုးပစ္စည်းများ၊ အလူမီနီယမ်ကိုယ်ထည်ပစ္စည်းများ၊ ဂျင်နရေတာအပိုပစ္စည်းများ တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုဝင်ဘာ ၈ ရက်က သန်း ၃၀၊ နိုဝင်ဘာ ၁၂ ရက်က ဒေါ်လာ ၂၇ သန်း၊ နိုဝင်ဘာ ၁၉ ရက်က ဒေါ်လာ သန်း ၃၀၊ နိုဝင်ဘာ ၂၅ ရက်တွင် ဒေါ်လာ ၂၈ သန်းဖြင့် နိုဝင်ဘာလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၁၁၅ သန်း ထုတ်ရောင်းထားသည်။
