မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ CPM ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ် လာ (၁,၂၉၃,၁၈၉.၀၄) ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးထားကြောင်း စက်တင်ဘာ(၂၂)ရက်က အသိပေးထားသည်။
ထိုပြင် စက်ဆုံးဆီတင်သွင်းသည့် ကုမ္ပဏီများကိုလည်း အမေရိကန်ဒေါ်လာ (၄၅၃,၅၃၁.၄၃) ရောင်းချပေးထားကြောင်း လည်း အသိပေးထားသည်။
စက်တင်ဘာ(၂၂)ရက် ထုတ်ပြန်ချက်အရ FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း ၊ တိရစ္ဆာန်အစာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ထုတ်ပိုးမှုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ သံမဏိ၊ စားသုံးကုန်စည်၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စဉ်းများ တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြောင်းလည်း ဗဟိုဘဏ်က အသိပေးထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၁၆)ရက်ကလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform) ကနေ အမေရိကန်ဒေါ်လာ (၂၅)သန်းရောင်းချပေးသွားမည်ဟုလည်း အသိပေးထားသည်။
