စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်သည့်ဈေးနှုန်းထက်
အချို့သောမြိုနယ်များတွင် မြှင့်တင်ရောင်းချလျက်ရှိသကဲ့သို အချို့မြိုနယ်များတွင် ခွဲတမ်းကို အပြည့်အဝရောင်းချမှုမရှိခြင်းတို့ကို ကြားသိရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
ယမန်နေ့က ကျင်းပသည် စားသုံဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့ခြင်း ဖြစ်သည်။
သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဒေသသို သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ်မှန်ကန်စွာဖြင့် ရောင်းချစေရေးနှင့် မသမာသော နည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများကို စစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း ဦးချစ်ဆွေ ကပြောသည်။
စားသုံးဆီရည်ညွှန်းဈေးနှုန်း စိစစ်တွက်ချက်ရေးအဖွဲမှ သေချာစွာစိစစ်တွက်ချက်၍ အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချခြင်းနှင့် ပြည်ပ CIF ဈေးနှုန်းများ ပြန်လည်ကျဆင်းလာခြင်းတိုကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ စတုတ္ထပတ်မှ ဒီဇင်ဘာလအထိ စားသုံးဆီ တစ်ပိဿာဈေးနှုန်းမှာ ငွေကျပ် ၅၆၀ ကျဆင်းလာခဲ့ကြောင်း သိရသည်။
လက်ရှိ ဈေးကွက်ဖြန့်ဖြူးမှုအနေဖြင့်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခွဲဝေလျာထားသည့် ပမာဏအတိုင်း ရောက်ရှိနိုင်စေရန် တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ကုမ္ပဏီများနှင့် ညှိနှိုင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
