စာရေးဆရာမုံရွာအောင်ရှင်ကွယ်လွန်သွားမှု SNLDနှင့်ပြည်သူ့ပါတီတို့ ဝမ်းနည်းစကားဆို
စာရေးဆရာမုံရွာအောင်ရှင်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးသမားတစ်ဦးအဖြစ်လည်းကောင်း၊ကဗျာဆရာတစ်ဦးအဖြစ်လည်းကောင်း၊ဒီလှိုင်းဂျာနယ်အယ်ဒီတာချုပ်အဖြစ်လည်းကောင်း ကျရာနေရာတွင် တာဝန်ကျေခဲ့သူဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးကျူးဂုဏ်ပြု စကားဆိုပြီး ကွယ်လွန်သွားမှုအပေါ် ဒီမိုကရေစီတိုက်ပွဲအတွက် ဆုံးရ
ရှုံးနစ်နာမှုကြီးတစ်ခုအဖြစ် မှတ်တမ်းတင် ဝမ်းနည်းစကားဆို သဝဏ်လွှာပေးပို့ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး စာရေးဆရာမုံရွာအောင်ရှင်သည် ၂၀၂၁ခုနှစ် နိုဝင်ဘာ၂၈ရက် မနက် ၆နာရီခွဲတွင် ရန်ကုန်မြို့တာမွေမြို့နယ် မလွှကုန်းနေအိမ်တွင် ကွယ်လွန်သွားခဲ့အပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယနေ့မှာပင် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြာင်းသဝဏ်လွှာပေးပို့ခဲ့သည်။
အလားတူ ပြည်သူ့ပါတီကလည်း မုံရွာဦးအောင်ရှင်ကွယ်လွန်သွားမှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားပြီး ဆရာမုံရွာအောင်ရှင်ကွယ်လွန်ခြင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်သာမက မြန်မာ့ဒီမိုကရေစီအရေးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ပြည်သူ့ပါတီက သဝဏ်လွှာတွင်ဖော်ပြ သည်။
ဆရာမုံရွာအောင်ရှင်ကွယ်လွန်ခြင်းအတွက် ပြည်သူ့ပါတီအနေနဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါသည်။ဆရာ၏ နိုင်ငံတော်အတွက်မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ပြည်သူ့ပါတီမှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည် ဟုလည်း သဝဏ်လွှာမှာရေးသားထားပါတယ်။
စာရေးဆရာ မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက်၇၇နှစ်အရွယ်ရှိကာ နှလုံးရောဂါကြောင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
Zaw Gyi
စာေရးဆရာမုံရြာေအာင္ရွင္ကြယ္လြန္သြားမွု SNLDႏွင့္ျပည္သူ႔ပါတီတို႔ ဝမ္းနည္းစကားဆို
စာေရးဆရာမုံရြာေအာင္ရွင္သည္ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးအတြက္ နိုင္ငံေရးသမားတစ္ဦးအျဖစ္လည္းေကာင္း၊ကဗ်ာဆရာတစ္ဦးအျဖစ္လည္းေကာင္း၊ဒီလွိုင္းဂ်ာနယ္အယ္ဒီတာခ်ဳပ္အျဖစ္လည္းေကာင္း က်ရာေနရာတြင္ တာဝန္ေက်ခဲ့သူျဖစ္သည္ဟု ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဗဟိုအလုပ္အမွုေဆာင္အဖြဲ႕က ခ်ီးက်ဴးဂုဏ္ျပဳ စကားဆိုၿပီး ကြယ္လြန္သြားမွုအေပၚ ဒီမိုကေရစီတိုက္ပြဲအတြက္ ဆုံးရ
ရွုံးနစ္နာမွုႀကီးတစ္ခုအျဖစ္ မွတ္တမ္းတင္ ဝမ္းနည္းစကားဆို သဝဏ္လႊာေပးပို႔ခဲ့သည္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုျပန္ၾကားေရးေကာ္မတီအတြင္းေရးမွူး စာေရးဆရာမုံရြာေအာင္ရွင္သည္ ၂၀၂၁ခုႏွစ္ နိုဝင္ဘာ၂၈ရက္ မနက္ ၆နာရီခြဲတြင္ ရန္ကုန္ၿမိဳ႕တာေမြၿမိဳ႕နယ္ မလႊကုန္းေနအိမ္တြင္ ကြယ္လြန္သြားခဲ့အေပၚ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ယေန႔မွာပင္ မိသားစုႏွင့္ထပ္တူ ဝမ္းနည္းေၾကကြဲၾကာင္းသဝဏ္လႊာေပးပို႔ခဲ့သည္။
အလားတူ ျပည္သူ႔ပါတီကလည္း မုံရြာဦးေအာင္ရွင္ကြယ္လြန္သြားမွုအေပၚ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔ထားၿပီး ဆရာမုံရြာေအာင္ရွင္ကြယ္လြန္ျခင္းက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အတြက္သာမက ျမန္မာ့ဒီမိုကေရစီအေရးအတြက္ပါ ႀကီးမားေသာ ဆုံးရွုံးမွုျဖစ္သည္ဟု ျပည္သူ႔ပါတီက သဝဏ္လႊာတြင္ေဖာ္ၿပ သည္။
ဆရာမုံရြာေအာင္ရွင္ကြယ္လြန္ျခင္းအတြက္ ျပည္သူ႔ပါတီအေနနဲ႔မိသားစုနဲ႔ထပ္တူဝမ္းနည္းေၾကကြဲရပါသည္။ဆရာ၏ နိုင္ငံေတာ္အတြက္မဆုတ္မနစ္ႀကိဳးပမ္းေဆာင္ရြက္ခဲ့မွုမ်ားကို ျပည္သူ႔ပါတီမွမွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္ ဟုလည္း သဝဏ္လႊာမွာေရးသားထားပါတယ္။
စာေရးဆရာ မုံရြာေအာင္ရွင္သည္ ကြယ္လြန္ခ်ိန္တြင္ အသက္၇၇ႏွစ္အရြယ္ရွိကာ ႏွလုံးေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။