Sunday, November 9, 2025

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ ၈ ရက်က FX...
HomeNewsLocal Newsစာရေးဆရာ တက္ကသိုလ်ကြယ်ပွင့်နှင့် ဇနီးဖြစ်သူတို့အား...

စာရေးဆရာ တက္ကသိုလ်ကြယ်ပွင့်နှင့် ဇနီးဖြစ်သူတို့အား သတ်ဖြတ်ခဲ့သူများကို ‌ပဲခူးတိုင်း အုတ်ဖိုတွင် ဖမ်းမိ၊ ပုံမှန် ရေသန့်ပို့‌နေသူများဖြစ်နေ 

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက် ၊ မန္တ လေး လမ်းတွင်ဖြစ်ပွားခဲ့သည့် လူသတ်အနုကြမ်းစီးမှုတွ င် ပြစ်မှုကျူးလွန်ခဲ့သူများမှာ နေအိမ်သို့ ရေသန့် ပုံမှန်လာပို့နေသည့်သူများဖြစ်ပြီး ၎င်းတို့ကို ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရူပဗေဒဆိုင်ရာ စာရေးဆရာလည်းဖြစ် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၏ အငြိမ်းစား ကထိကတစ်ဦးလည်း ဖြစ်သည့် ဦးမြင့်ဝေ(ခ) တက္ကသိုလ်ကြယ်ပွင့် နှင့် ဇနီးဖြစ်သူ အငြိမ်းစား ဆရာမ ဒေါ်ခင်ခင်စန်းတို့မှာ ၎င်းတို့၏ နေအိမ်တိုက်ခန်းအတွင်း ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြီးခဲ့သည့် အောက်တိုဘာ (၃၀) ရက်ညပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေဆုံးမှုမှာ လူသတ်အနုကြမ်းစီးမှုဖြစ်ကြောင်း သက်ဆိုင်ရာက စစ်ဆေးအတည်ပြုပြီးနောက် ကျူးလွန်သူများအား ဖမ်းဆီးရမိရေး လုပ်ဆောင်ခဲ့ရာမှ ပဲခူးတိုင်း အုပ်ဖိုမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်း ရဲ တပ်ဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်က ပေါ်ပြူလာနယူး (စ်) သို့ပြောသည်။

” မိတာတော့ (၃) ရက်လောက်ရှိပြီထင်တယ်။ အုတ်ဖိုမှာမိတာပေါ့။ (၃) ယောက်ပါ ။ အဲဒီထဲမှာ ‌ဆရာကြီးတို့အိမ်ကို ပုံမှန် ရေသန့် ပို့နေတဲ့သူ ပါပါတယ်။ အခုတော့ တိုင်းရဲ တပ်ဖွဲ့က ဆက်ပြီးကိုင်နေတယ်လို့တော့ ကြားတယ် ” ဟု အ ဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများသည် ပဲခူးတိုင်း အုတ်ဖိုဇာ တိဖြစ်ပြီး အခင်းမဖြစ်မီက ရန်ကုန်တိုင်း တောင်ဒဂုံမြို့ နယ်တွင် နေထိုင်ကာ ရန်ကုန်မြို့အတွင်း ရေသန့်ပို့သည့် လုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြောင်း အဆိုပါ သတင်း ရင်းမြစ်ထံက စုံစမ်းသိရသည်။

” ရေသန့်ပို့တဲ့ သူတွေပေါ့နော်။ နေတာက တောင်ဒဂုံမှာနေတာ ။ ဘယ်ရေသန့်လည်းကတော့ ကျွန်တော်လည်း မသိဘူး။ ဆုံးသွားတဲ့ ဆရာတွေအိမ်ကို ပုံမှန် ပို့နေကျလို့ ထွက်ဆိုတယ်လို့တော့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

ပြစ်မှုကျူးလွန်သူများသည် ဆရာဉီးမြင့်ဝေနှင့် ဇနီးဖြစ်သူတို့အား ဓါးဖြင့်ထိုးကာ သတ်ဖြတ်ခဲ့ပြီး ငွေနှင့် ပစ္စည်းများ ယူဆောင်သွားခြင်းဖြစ်ကြောင်း သေဆုံးသူများနှင့် နီးစပ်သူ ရပ်ကွက်နေ ပြည်သူများထံက သိရသည်။

လက်ရှိတွင် ငွေကြေးနှင့် ပစ္စည်းများ၏ ကာလတန်ဖိုးမည်မျှရှိသည်ကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့ဘက်မှလည်း သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။

‌ဆရာဦးမြင့်ဝေ (ခ) တက္ကသိုလ် ကြယ်ပွင့်သည် ရူပဗေဒဆိုင်ရာ စာပေများစွာရေးသားခဲ့သည့် နာမည်ကျော် စာ ရေးဆရာတစ်ဦးဖြစ်ပြီး အမျိုးသားစာပေဆုနှင့် စာပေဗိမ္မာန်စာမူဆုများ ရရှိထားသူဖြစ်သည်။

သေဆုံးချိန်တွင် အသက် (၇၈) နှစ်ရှိဖြစ်ပြီး ဇနီးဖြစ်သူ အငြိမ်းစား ဆရာမ ဒေါ်ခင်ခင်စန်းသည်လည်း အသက် (၇၀) ကျော်ပြီဖြစ်ကာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိနေ အိမ်တွင် (၂) ဦးတည်း နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အခွန်အကောက်ဆိုင်ရာ မပြေလည်မှုရှိနေသော်လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီထံ သွားရောက်မည်ဟု ထရမ့်က ပြောကြားပြီး ‘သူဟာ ကျွန်တော့် မိတ်ဆွေတစ်ဦးပါ’ ဟုလည်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် သည် အခွန်အကောက်ဆိုင်ရာ မပြေလည်မှုကြောင့် နှစ်နိုင်ငံဆက်ဆံရေး အချိုးအကွေ့တစ်ခုသို့ ရောက်နေသော်လည်း ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ၏ ဖိတ်ခေါ်ချက်အရ အိန္ဒိယသို့သွားရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊၊ ၎င်းသည် နှစ်နိုင်ငံကုန်သွယ်ရေး အငြင်းပွားမှုတွင် ပြေလည်မှုရနိုင်သည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ "သူက ကျုပ်ရဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ပါ၊ ကျုပ်တို့ စကားပြောကြပါတယ်။ သူက ကျုပ်ကို အဲဒီကို လာဖို့ တောင်းဆိုထားတာမို့ ကျုပ်တို့ စီစဉ်ပြီး သွားမယ်" ဟု ထရမ့်က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး...

စစ်ကိုင်းမြို့နယ်မှ ငလျင်ဒ-ဏ်သင့်နေအိမ်များအတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ပေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ မန္တလေးငလျင်ကြီးဒ-ဏ်သင့်ခဲ့သောနေအိမ်များအတွကေ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများကို တိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှ နိုဝင်ဘာ ၈ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့တော်ခန်းမတွင်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် ငလျင်ဒ-ဏ်သင့်သူများလက်ရှိရင်ဆိုင်နေရသည့် အခက်အခဲအကြပ်အတည်းများအား အတူတကွရင်ဆိုင်ကျော်ဖြ-တ်သွားမည်ဖြစ်ကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးအခက်အခဲများကို အတက်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဟု တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်မှ စစ်ကိုင်းခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် (၅၀,၅၇၂) သန်း၊ တိုင်းလူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးထံ ငလျင်ဒ-ဏ်သင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းများဖြစ်သော ဘိလပ်မြေ၊ သံ၊ သွပ်များကိုလွှဲပြောင်းပေးအပ်ခဲ့သည်။  လက်ရှိအချိန်၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့်...

အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက် 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲခန့်က အချက်ပြမီးဖွင့်ကာလမ်းဘေးရပ်ထားသည့်အိမ်စီးကားကို ကုန်တင်ကားကဝင်တို-က်ပြီးတိမ်းမှောက်ခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီး၏ ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၆၅/၁ နှင့် ၆၅/၂ ကြားတွင် SOUEAST (အနက်ရောင်) အိမ်စီးကားသည် အချက်ပြမီးဖွင့်၍ ညာဘက်လမ်းဘေး၌ရပ်ထားစဉ် NISSAN CONDOR (အပြာရောင်) ကုန်တင်ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိပြီး ကုန်တင်ကားမှာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဥသျှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ဖြစ်စဥ်ကြောင့် အိမ်စီးကားပေါ်မှ အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒ-ဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071