Friday, June 26, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeCelebrities' Newsစာရေးဆရာမကြီး စိမ့် (ပညာရေး)...

စာရေးဆရာမကြီး စိမ့် (ပညာရေး) အသက် (၉၃) နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်

သမိုင်းနောက်ခံ ဝတ္ထုများ ရေးသားခဲ့သည့် အသက်(၉၃)အရွယ်ရှိ စာရေးဆရာမကြီး စိမ့်(ပညာရေး) သည် ယနေ့ ဧပြီလ (၁၈) ရက် နံနက် (၃) နာရီဝန်းကျင်တွင် မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ဆရာမကြီး စိမ့် (ပညာရေး) ၏ အမည်ရင်းမှာ ဒေါ်တင်စိန်ဖြစ်ကာ မော်လမြိုင်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၆) ဦးအနက် အကြီးဆုံးသမီးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို (၁၉၆၁) ခုနှစ်တွင်လည်း‌ ကောင်း၊ရန်ကုန်ပညာရေး မဟာဌာနမှ ဘီအီးဒီဘွဲ့ကို (၁၉၆၄) ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှ မဟာပညာရေးဘွဲ့ကို ၁၉၇၆ ခုနှစ်တွင် ရရှိခဲ့သည့် ဝါရင့်စာရေး ဆရာမကြီး တစ်ဦး ဖြစ်သည်။

၁၉၇၆ ခုနှစ်တွင် စိမ့်(ပညာရေး) ကလောင်အမည်ဖြင့် ဒိုင်းခင်ခင်၊ ပုဂံရွှေရုပ်လွှာ(၁)(၂)၊ ပတ္တမြားငမောက်၊ ရာဇဓာတုကလျာ၊ ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ စသည့် လုံးချင်းဝတ္ထုများကို ရေးသားခဲ့သည်။

ဆရာမကြီးသည် တိုင်းရင်းမေဂျာနယ်၊ ယုဝတီဂျာနယ်၊ သင့်ဘဝ မဂ္ဂဇင်းတို့တွင် တင်ဝဇီ(ရွှေမြိုင်) ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ တက္ကသိုလ် စိန်တင်နှင့် တွဲဖက်ကာ အိန္ဒိယနီပေါ ဗုဒ္ဓဂယာဓမ္မခရီးသည် စာအုပ်နှင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ စာအုပ်တို့ကို ရေးသားခဲ့သူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071