Saturday, January 24, 2026

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့်...

လုံခြုံရေးအဖွဲ့ဝင်များမှ ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့က ရှမ်းပြည်နယ်၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊...
HomeCelebrities' Newsစာဖတ်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို...

စာဖတ်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ပြောပြသူ ဒေါင်း

doung

လူ့ဘဝ ဖြတ်သန်းကြရာမှာ အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲဖြစ်တည်နေတာက လောက သဘာဝနိယာမ တရားတစ်ခုပါ။ လူတိုင်း ဖြတ်သန်းကျင်လည်ရာ ဘဝမှာ ပန်းခင်း လမ်းပဲ မဖြစ်နိုင်သလို ဆူးခင်းလမ်း တွေပဲ ပြည့်နှက်မနေတာက လူ့သဘာဝပါ။ အဲဒီလိုဖြစ်တည်နေတဲ့ဘဝမှာ အမှားအမှန် ဆုံးဖြတ်ဖို့ ဝေဖန်ပိုင်းခြား ရွေးချယ်လျှောက် လှမ်းနိုင်ဖို့အတွက် စာအုပ် စာပေ ဖတ်ခြင်းက အကောင်းဆုံးလမ်းပြပေးတဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုပါလို့ ဆိုလာသူကတော့ သရုပ်ဆောင် မင်းသား ဒေါင်းပဲ ဖြစ်ပါတယ်။

” အဓိကကတော့ဗျာ စာဖတ်တဲ့အခါ ကျွန်တော် အပြင်မှာ မတွေ့ကြုံဖူးသေးတာကို စာအုပ်ထဲမှာ အရင်တွေ့ကြုံပြီးသွားပြီ။ စာအုပ်ထဲမှာ အရင် ထိ တွေ့ပြီးသွားပြီ။ အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံလာပြီဆိုရင် ဒါက ကိုယ်ဖတ်ထားတဲ့စာအုပ် တစ်အုပ် ရဲ့ ဇာတ်လမ်းတွေထဲက မလွတ်ပါဘူး။ အဲဒီလို မလွတ်ဘူးဆို ကတည်းက ကိုယ်ဘယ်လို ဖြတ်သန်း ရမလဲ။ ကိုယ်ဘယ်လို ရပ်တည်ရမလဲ။ အမှားအမှန်ကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ အလိုလိုကို သဘော ပေါက်သွားပြီ။ အဲဒါ ကျွန်တော်တို့အတွက် တအား တန်ဖိုးရှိတဲ့ အရာတစ်ခုပါ” လို့ ဒေါင်းက သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။ ဒေါင်းကငယ်စဉ် ကလေး ဘဝ ၅တန်းကျောင်းသား ဘဝကတည်းက စာဖတ်ခြင်းကို ဝါသနာပါခဲ့ပြီး ယနေ့အထိ ဖတ်ဖြစ်နေတဲ့ စာပေအကြောင်းကိုတော့ ” ကျွန်တော်ကလေးဘဝမှာ ရွှေသွေး စဖတ်တယ်။ အဲဒီကနေတစ်ဆင့် တက်လာတော့ ကလေးဝတ္ထုတွေ ဖတ် တယ်။ နောက်တော့ ရသစာပေတွေ ဖတ်တယ်။ အခုနောက်ပိုင်းတော့ ကျွန်တော်ဘာသာပြန်တွေ ဖတ်ဖြစ်တယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ သမိုင်းတွေနဲ့ အဲဒီသမိုင်းတွေကို ရသမြောက်အောင် ရေးထားတဲ့ စာအုပ်တွေဖတ်ဖြစ်တယ်” လို့ သူ့ရဲ့ စာဖတ်ရှုခဲ့ရာ စာပေတွေအကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ဒေါင်းက ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဇာတ်ကားများရိုက်ကူးလျက်ရှိ ပြီး “ဒုတိယမြောက် နှလုံးသား” ဇာတ်ကားထွက်ရှိလာပြီ ဖြစ်သလို လက်ရှိမှာတော့ “ဘယ်သူခြယ်တဲ့ ကောင်းကင်ပြာ” အမည်ရှိ ဗီဒီယိုဇာတ်ကားကို စတင်ရိုက်ကူးလျက်ရှိပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071