Monday, June 16, 2025

ထိုင်းအသင်းကို (၅)ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး...

ယနေ့ ဇွန် (၁၆) ရက် မွန်းလွဲပိုင်းက ထိုင်း- မြန်မာအသင်းတို့ အာဆီယံ ယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို...

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...
HomeCelebrities' Newsစနစ်တကျ စည်းကမ်းရှိရှိ အမှိုက်စွန့်ပစ်ကာ...

စနစ်တကျ စည်းကမ်းရှိရှိ အမှိုက်စွန့်ပစ်ကာ လူ့ပတ်ဝန်းကျင်အလှဆင်ကြပါ

အမှိုက်’ ဆိုတာ စွန့်ပစ် အညစ် အကြေးပစ္စည်း ဖြစ်တာမို့ လူမှုဝန်းကျင်အတွင်း ကျန်းမာရေး အတွက် ရော၊ သဘာဝ ပတ်ဝန်းကျင်အတွက် ပါ ဆိုးကျိုးများ ဖြစ်ပွားစေပါတယ်။ မိုးရာသီကာလဆိုရင် အမှိုက်သရိုက် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ကြခြင်းရဲ့ ဘေးထွက် ဆိုးကျိုးအဖြစ် ရေကြီးရေလျှံ ဖြစ်ခြင်းနဲ့ ရေမြောင်းများ ပိတ်ဆို့ ခြင်းတို့ မြို့ကြီးပြကြီးတိုင်းမှာ တစ် နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်နေသလို ပိုပြီးတော့ ဒေသခံနေ ပြည်သူ လူထုတို့ အတိဒုက္ခကြီးစွာ ရောက် စေတာ ပြည်သူတွေ အားလုံးလိုလို မျက်မြင်ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ မြင်သိ ခံစားခဲ့ကြရပြီ ဖြစ်ပါတယ်။ ‘အမှိုက်တစ်စ စွန့်ပစ်မှု စနစ်တကျ လုပ်ဆောင်မှု မရှိသူများရဲ့ အကျင့်ဆိုးလုပ်ရပ်တွေကနေ တစ်နိုင်ငံလုံး၊ တစ်မြို့ လုံး၊ တစ်ရွာလုံး၊ တစ်ကမ္ဘာလုံး၊ လူမှု ဝန်းကျင်တစ်ခုလုံး ကျန်းမာရေး ဆိုင်ရာ ရောဂါဘယ ထူပြောစေခြင်း၊ ရာသီဥတု မမှန်ဖောက်ပြန်ကာ ကပ် ဘေး အမျိုးမျိုး ဆိုက်ရောက်စေခြင်း၊ သဘာဝဝန်းကျင် ယိုယွင်းပျက်စီးစေ ခြင်း၊ လူမှုဝန်းကျင် ပျက်စီးအဆုံးရှုံး များပြားစေခြင်း စတဲ့ ဘေးဒုက္ခ ဆိုး ကျိုးများ ရရှိခံစားစေပါတယ်။ ဒါ ကြောင့် စနစ်တကျ အမှိုက်ကောက် ခြင်း၊ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း နဲ့ စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်း တို့ရဲ့ ကောင်းကျိုးဆိုးကျိုးအပြင် နိုင် ငံကြီးသား ပီသမှု၊ စိတ်ထားစင်ကြယ် မှု ပြယုဂ်အဖြစ် အမှိုက်ကင်းစင် လူပတ်ဝန်းကျင် အလှဆင်ကြဖို့ အနု ပညာရှင်တို့ရဲ့ ရှုမြင်ချက်စကားသံများ ဖော်ပြလိုက်ရပါတယ်။

Nay Toe

နေတိုး

လူနေမှုပုံစံလေးတွေကတော့ အများကြီး ပြောင်းလဲလာ ကြပါပြီ။ အဓိကတော့ သတ်မှတ်ထားတဲ့ နေရာတွေမှာ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့ စည်းကမ်းတကျ နေထိုင်ဖို့ လိုသေးတာပေါ့။ တချို့ နေရာတွေကလည်း ပစ်ချင်လို့ပစ်ရတာမျိုးတော့မဟုတ်ဘူး။ သူတို့ဆီ မှာ အဲဒီလိုပတ်ဝန်းကျင်က ချက်ချင်းပြောင်းလဲလို့မရသေးတဲ့ ပုံစံ မျိုးဖြစ်နေတာပေါ့။ ဒီလိုပဲ မြို့လယ်ကောင်ကစပြီးပြောင်းလဲရင် တဖြည်းဖြည်းနဲ့တော့ ဒီလိုမျိုး လုပ်ရပ်တွေကကျယ်ပြန့်သွား ဖို့လို ပါတယ်။ အသိတစ်ခုရှိဖို့ လိုတာပေါ့။ အမှိုက်စွန့်ပစ်တဲ့ အချိန် မျိုး မှာပဲဖြစ်ဖြစ်၊ သတ်မှတ်ထား တဲ့နေရာတွေမှာ သွားလာတာပဲ ဖြစ်ဖြစ် စည်းကမ်းတကျနဲ့ နေထိုင်ပြီး စည်းကမ်းတကျနဲ့ အမှိုက်စွန့်ပစ် ပေးဖို့ ပြောချင်ပါတယ်။ နောက်တစ်ခု ကနေရာဒေသနဲ့ ဆိုင်တဲ့ စည်းကမ်း တွေကို လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။

sithumg

စည်သူမောင်

မိုးရွာပြီ ဆိုတာနဲ့ ရေကြီးလာတဲ့အခါကျတော့ လူတွေလည်း အန္တရာယ် ရှိတယ်။ ချောင်းပေါက်တွေဆိုအမှိုက်တွေနဲ့ ပိတ်သွားတဲ့ အခါကျတော့ ရေကြီးလာတယ်။ ဒါကြောင့် ပတ်ဝန်းကျင်အတွက် တစ်ယောက်ချင်းစီ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်အမှိုက်တွေ စွန့်ပစ်သင့် တယ်။ မိုးတွင်းဆိုတော့ ယင်နားစာတွေ မစားမိအောင်လည်း သတိထား စေချင်ပါတယ်။ အမှိုက်သိမ်းဖို့ စည်ပင်တွေရှိပေမယ့် သူတို့ကနေရာ တကာ လိုက်သိမ်းနိုင်မှာမဟုတ်ပါဘူး။ လမ်းသွားရင်းနဲ့ လည်းအမှိုက်ကို ပုံးထဲမှာပဲ စွန့်ပစ်စေချင်ပါတယ်။ နောက်ပြီးကားပေါ်ကနေအမှိုက် တွေ စွန့်ပစ်တာရှိတယ်။ အဲဒီလို မလုပ်ဖို့လည်း မျှော်လင့်ပါတယ်။

Baby Mg

ဘေဘီမောင်

“စည်းကမ်းသည် လူ၏တန်ဖိုး” ပါပဲ။ ဘေဘီတို့ နိုင်ငံကြီး တိုးတက်ဖို့အတွက်က အမှိုက်တွေကအစ စည်းကမ်းရှိရှိ ပစ်ကြဖို့လိုပါတယ်။ ဘေဘီတွေ့မြင်ဖူးပါတယ်။ ကား အကောင်းစားကြီးတွေ စီးကြပြီး အမှိုက်တွေ၊ ရေသန့်ဘူးခွံတွေကို ပစ် ကြတယ်။ ကွမ်းတံတွေး တွေထွေးကြတာကိုတွေ့ရတယ်။ ဒါကြောင့်ဘယ်လူတန်းစားမဆို စည်းကမ်းရှိ သင့်တယ်လို့ ဘေဘီထင်တယ်။ ဘေဘီဆိုရင် ကားထဲမှာပဲြ<ွကပ်ြ<ွကပ်အိတ်ထဲမှာ အမှိုက်တွေစုထည့်ထားပြီး အမှိုက်ပုံးရှိတဲ့ နေရာ မှာပစ်တယ်။ ဒါဟာပင်ပန်းတဲ့ အလုပ်တစ်ခု မဟုတ်ဘူး လို့ထင်တယ်။ နိုင်ငံခြားမှာဆိုရင်အမှိုက်ဆိုတာ လုံးဝမရှိဘူး။ ဒါကြောင့်ကိုယ် တောင် မုန့်စားပြီးလို့ အမှိုက်ပစ်မယ်ဆိုရင် တောင် လက်ရွံ့နေတယ်။ ကိစ္စသေး သေး လေးဆိုပြီး မထားဘဲ အားလုံး ဝိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမွန် တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာပါ။

Ei Mon Khaing

အိမွန်ခိုင်

မိုးရာသီရောက်တော့ အမှိုက်တွေကြောင့် လမ်းပိတ်ပြီး ရေကြီးတာတွေကိုလည်း တွေ့ရတယ်။ ဒါကသဘာဝပတ်ဝန်းကျင်အတွက် ဆိုးရွားစွာထိခိုက်ခြင်းပါပဲ။ နေ့စဉ်မြဲထွက်နေတဲ့ အမှိုက်တွေကို သေချာလေးစွန့်ပစ်သင့်ပါတယ်။ ညီမတို့က ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာကို လေ့လာပြီး တခြားသူတွေ သတိပြုမိလာအောင် ဘယ်လို Message ပေးရမလဲ ဆိုတာကို ညီမတို့က Miss Earth ဖြစ်တဲ့အတွက်ကြောင့် အဓိကသင်ကြား ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ လမ်းသွားရင်း အမှိုက်တွေ့ ရင်တောင်မှ ညီမမျက်လုံးထဲမှာ သိပ်အဆင်မပြေလို့ ကိုယ်ကိုယ် တိုင်ပဲ ကောက်ပြီး သေချာစွန့်ပစ်လေ့ရှိတယ်။

San Thit La

ဆန်းသစ်လ

ပတ်ဝန်းကျင် သန့်ရှင်းဖို့ဆိုတာက လူတစ်ဦးတစ်ယောက် စီတိုင်း မှာ တာဝန်ရှိပါတယ်။ သကြားလုံး အခွံ၊ တစ်ရှူးအခွံလေးတွေ ပစ်တာကအစ ကိုယ့်ဘာသာ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါ။ ဝန်ထမ်းတွေကလည်း ဝန်ထမ်းတွေအလျောက်တာဝန်ကျေကြမယ်။ ဝန်ထမ်းတွေအလုပ်လုပ်ပေမယ့် ကိုယ်တွေဘက်က စည်းကမ်းမရှိဘဲ သေးသေးလေး ပါပဲဆိုပြီး စိတ်ထဲမှာထားလို့မရဘူး။ အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်ကြရင်အကောင်းဆုံးပါ။ ညီမလည်း ကားစီးရင် အမြဲအိတ်ကလေးတစ်လုံးအပိုဆောင်ထားတယ်။ အမှိုက်တွေကို ကိုယ့်အိတ်ထဲပဲထည့်တယ်။ အိတ်မပါရင်လွယ်အိတ် ထဲပြန်ထည့်သွားတယ်။ အဲဒီလို အကျင့်လေးလုပ်ထားပါတယ်။

Su Myat No Oo

ဆုမြတ်နိုးဦး

ပတ်ဝန်းကျင်သန့်ရှင်းဖို့အတွက် အမှိုက်တွေ ကောက်ကြတာ တအားကောင်းပါတယ်။ ဒါကတော့ လူတစ်ဦး တစ်ယောက်ချင်းစီနဲ့ သက်ဆိုင်တယ်လို့ မြတ်နိုးထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်တွေ လည်း ပြောင်းလဲတယ် ဆိုပေမယ့် အကုန်လုံး အတူတူ ပြောင်းလဲတဲ့ အခါကျရင်တော့ အမှိုက်တွေ ကင်းစင်သွားမှာပေါ့နော်။ သူများ နိုင်ငံ တွေမှာ ကျတော့ အမှိုက်ပစ် ချရင် ဒဏ်ငွေ ဆောင်ကြရတယ်လေ။ ဒီမှာ တော့ရှိတော့ရှိတယ်။ ဒါပေမဲ့ ဒဏ်ငွေက ဒဏ်ငွေပဲ။ မလိုက်နာကြဘူး။ ထိရောက်မှု မရှိကြဘူး။ အဲဒီတော့ လူတွေ အကုန်လုံးက ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ဒါလေးတွေကို ဆင်ခြင်ကြမယ်ဆိုရင် ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်ဆိုတဲ့ စကားအတိုင်း မြတ်နိုးတို့ ကြိုးစားပြီးပြောင်းလဲကြ ရအောင်ပေါ့နော်။ ပြောင်းလဲနိုင်ဖို့လည်းမျှော်လင့်ပါတယ်။

ပေါ်ပြူလာအဖွဲ့

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071