Tuesday, February 18, 2025

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...
HomeNewsLocal Newsစတုတ္ထအကြိမ်မြောက် CNPC Youth...

စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကျင်းပပြီးစီး

CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ယခုအခါ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်သူများသည် လူငယ်တို့၏ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း၊ သံယောဇဉ်၊ စိတ်ဓာတ်ခွန်အား အစရှိသည့် အကြောင်းအရာများကို ထိထိမိမိ ပုံဖော်ထားသည့် ဗီဒီယိုအတိုလေးများဖြင့် facebook နှင့် TikTok တို့တွင် တင်ပြလျှက် မြန်မာလူငယ်တို့၏ အပြုသဘောဆောင်သည့် တက်ကြွမှုများကို ဖော်ပြကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခု စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အရေအတွက် တစ်ထောင်အောက် ပါဝင်ယှဉ်ပြိုင်ပါက ပထမဆု သိန်း ၃၀ ကျပ်အပါအဝင် စုစုပေါင်း ဆုကြေးငွေ သိန်း ၈၀ ချီးမြှင့်မည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်အရေအတွက် တစ်ထောင်ကျော်လျှင်မူ စုစုပေါင်း ဆုကြေးငွေ သိန်း ၁၃၀ အထိ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲအတွက် ဆုရရှိသူများကို ကုမ္ပဏီ၏ SEAOP-SEAGP ဖေ့စ်ဘုတ်စာမျက်နှာတွင် မကြာမီကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Sino Pipeline International ကုမ္ပဏီ၊ SEAOP-SEAGP ကုမ္ပဏီလိမိတက်နှင့် ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးအင်စတီကျုတို့ ပူးပေါင်း၍လည်း တရုတ်နိုင်ငံရှိ ကောလိပ်နှင့် တက္ကသိုလ်များအတွက် ဒုတိယအကြိမ်မြောက် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲကို “Building together, the bridge of the future”ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယူနန်တက္ကသိုလ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူအချို့အပါအဝင် တရုတ်နိုင်ငံရှိ တက္ကသိုလ်အသီးသီး၌ မြန်မာစာကို သင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ ၁၃၀ ကျော်တို့က သူတို့ရိုက်ကူးဖန်တီးထားသည့် ဗီဒီယိုအတို ၂၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခု ၂၀၂၅ ခုနှစ်တွင်လည်း CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲနှင့် ကောလိပ်နှင့် တက္ကသိုလ်များအတွက် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲတို့ကို ကျင်းပသွားဦးမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေးဖြစ်စဉ်၊ ငွေကြေးအခက်အခဲတွေအပြင် ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ နည်းပညာအားကောင်းလာတဲ့အတွက် စာအုပ်အငှားဆိုင်တွေပျောက်ကွယ်ကုန်ရတာပါ။ မုံရွာမြို့မှာ အရင်ကလူကြီးရောကလေ-းပါ အားထားငှားဖတ်ကြရတဲ့ စာအုပ်အငှားဆိုင်ပေါင်း (၇၀) ကျော်ရှိရာကအခုအချိန်မှာ စာအုပ်အငှားဆိုင်ဟာ လက်တစ်ဖက်တောင် မပြည့်တော့ပါဘူး"ဟု စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က မုံရွာမြို့နှင့် အခြားမြို့များတွင်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး စာဖတ်သူအများစုသည် အငှားစနစ်ကိုသာ အားထားငှားခဲ့ကြခြင်းဖြစ်သည်။ မုံရွာမြို့၏ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်စာအုပ်အငှားဆိုင်များရှိခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071