Tuesday, August 18, 2026

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို...

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့...

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း...

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်"...

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်စဥ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်၊ လက်နှိပ်တွင်းများအား ကလိုရင်းခတ်ပေးခဲ့ကြကြောင်း သိရသည်။ စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျန်းမာရေးဝန်ထမ်းများက သြဂုတ် ၁၇ ရက်တွင်...
HomeMoviesစည်းကမ်းပျ-က် Taxi ယာဥ်များအားစောင့်ကြည့်စစ်...

စည်းကမ်းပျ-က် Taxi ယာဥ်များအားစောင့်ကြည့်စစ် ဆေးအရေးယူနိုင်ရေးဆောင်ရွက်နေ

စည်းကမ်းပျ-က် Taxi ယာဥ်များအားစောင့်ကြည့်စစ် ဆေးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က ယနေ့ ဇွန် ၁၆ ရက်တွင်ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်မင်းထက်၏ “ရန်ကုန်တိုင်းဒေသကြီးရှိ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ၏ ယာဉ်ကြံ့ခိုင်မှုကို အပတ်စဉ်(သို့)လစဉ်စစ်ဆေးရန်နှင့် ယာဉ်များတွင် (Global Positioning System-GPS)စနစ် တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ် ရှိ/မရှိ”မေးခွန်းအားပြန်လည်ဖြေကြားခြင်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)သည် YBO Telemetric စနစ်လုပ်ငန်းကိုလွှဲပြောင်းလက်ခံပြီးနောက် YRTC ၏ ကိုယ်ပိုင် Telemetric Data Server များအား နေပြည်တော်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Data Center တွင် ဌားရမ်းအသုံးပြုတပ်ဆင်ခြင်းကို ၂၀၂၂ ခုနှစ် မတ်လတွင် စမ်းသပ်တပ်ဆင်ခဲ့သည်ဟု ဖြေကြားသည်။

ထို့နောက် မေလတွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အလုံလမ်း၊ ပြည်သူ့ဥယျာဥ်ဝင်းရှိ YBO Control Center နှင့်ချိတ်ဆက်၍ စတင်အသုံးပြုခြင်း၊ YBS ယာဥ်များတွင် Telemetric စက်ပစ္စည်းများတပ်ဆင်ခြင်း၊ စစ်ဆေးပြု ပြင်ထိန်းသိမ်းခြင်း၊ အော်ပရေတာဆင်းကဒ်အား ယခင် တယ်လီနောကဒ်များအစား Mytel ဆင်းကဒ်များပြောင်းလဲတပ်ဆင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာအခက် အခဲများကိုဖြေရှင်းခြင်း၊ Telemetric စက်ပစ္စည်းအ သုံးပြုမှုသက်တမ်းကြာမြင့်ပြီးပျ-က်စီးနေသည့် စက်အ ဟောင်းများကို စက်ပစ္စည်းအသစ်များဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်ဟု ဖြေကြားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းတွင် နေ့စဥ်ပြေးဆွဲလျက်ရှိသော YBS ယာဥ်များတွင် Telemetric စက်ပစ္စည်းများတပ်ဆင်ပြီး Control Center မှတစ်ဆင့် YBS ယာဥ်များ၏ နေ့စဥ်ပြေးဆွဲမောင်းနှင်မှုများ၊ ယာဥ်စည်းကမ်းဖေ-ာက်ဖျ-က်မှုများကိုစောင့်ကြည့်စစ်ဆေးလျက်ရှိသည့်အပြင် YBS ယာဥ်များ၌ CCTV ကင်မရာများ၊ GPS စနစ်ပါဝင်ပြီးတပ်ဆင်စောင့်ကြည့်သည့်လုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်သည်ဟု ဖြေကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် CCTV Data Server အားစမ်းသပ်တပ်ဆင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင်တပ်ဆင်ပြီးစီးခဲ့၍ YBS ယာဥ်များတွင် CCTV ကင်မရာနှင့် စက်ပစ္စည်းများတပ်ဆင်ခြင်းကို ၂၀၂၃ ခုနှစ်၊ မတ်လတွင်စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌တပ်ဆင်ပြီးစီးခဲ့သည်ဟု ဖြေကြားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း နေ့စဥ်ပြေးဆွဲလျက်ရှိသည့် YBS ယာဥ်များတွင် ITS နည်းပညာများအသုံးပြု Telemetric GPS စနစ်ပါဝင်ပြီး CCTV ကင်မရာ GPS စနစ်ပါဝင်ပြီး စက်ပစ္စည်းများတပ်ဆင်၍ ပြည်သူ့ဥယျာဥ်ဝင်းအတွင်းရှိ Contral Center မှတစ်ဆင့် နေ့စဥ် YBS ယာဥ်ပြေးဆွဲမောင်းနှင်မှုများ၊ ယာဥ်စည်းကမ်းဖေ-ာက်ဖျ-က်မှုများနှင့် ထူးခြားဖြစ်စဥ်များ၊ ယာဥ်မ တော်တဆမှုများကိုစောင့်ကြည့်စစ်ဆေးလျက်ရှိရာ စည်းကမ်းပျ-က်ယာဥ်ဖမ်းဆီးမှုပေါင်း(၁၇,၇၈၁)မှုအား အပြစ်ပေးအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ဖြေ ကြားသည်။

ထို့ပြင် ဆက်လက်၍လည်း စည်းကမ်းပျ-က် Taxi ယာဥ်များအား စောင့်ကြည့်စစ်ဆေးအရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယား အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အတို-က်အခံခေါင်းဆောင် ကမ်ဆိုခါ၏ သမီးဖြစ်သူ ကမ်မိုနိုဝိသယာကို ဝန်ကြီးချုပ် ဟွန်မာနက်၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်ကြောင်း ဩဂုတ် ၁၇ ရက်က ထုတ်ပြန်သည့် တော်ဝင်အမိန့်အရ သိရသည်။ ဟွန်မာနက်၏ တောင်းဆိုချက်အရ ဘုရင် နိုရိုဒွမ် သီဟာမိုနီက အဆိုပါခန့်အပ်မှုကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကမ်မိုနိုဝိသယာသည် ဝန်ကြီးအဆင့်နှင့်ညီမျှသည့် ရာထူးအဆင့် ရရှိမည်ဖြစ်သည်။ သို့သော် ၎င်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အသေးစိတ်ကို တော်ဝင်အမိန့်တွင် ဖော်ပြထားခြင်းမရှိပေ။ ယင်းခန့်အပ်မှုသည် ကမ္ဘောဒီးယားအစိုးရနှင့် အတို-က်အခံအင်အားစုများအကြား နိုင်ငံရေးဆက်ဆံမှုတွင် ရှားရှားပါးပါး ဖြစ်ပေါ်လာသည့် အပြောင်းအလဲတစ်ရပ်အဖြစ်...

နိုဗိုရိုဆစ်စ်ဆိပ်ကမ်းအနီး ပင်လယ်နက်ထဲမှာ ဂရိရေနံတင်သင်္ဘောတစ်စီး ယူကရိန်းဒရုန်းနဲ့ တို-က်ခိုက်ခံရ

ဩဂုတ်လ ၁၆ ရက်နေ့က နိုဗိုရိုဆစ်စ်(Novorossiysk) ဆိပ်ကမ်းမှာ ရေနံတွေတင်အပြီး ပင်လယ်နက်ထဲအရောက်မှာ Skiros လို့ခေါ်တဲ့ ဂရိရေနံတင်သင်္ဘောကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်တို-က်ခိုက်သွားတယ်လို့ ဂရိရုပ်သံလိုင်း Skai က ကြေညာသွားပါတယ်။ အဲဒီရုပ်သံလိုင်းက ထုတ်ပြန်လိုက်တဲ့ တို-က်ခိုက်မှုဗီဒီယိုထဲမှာဆိုရင် ဒရုန်းတစ်စင်းက ပင်လယ်ပြင်ပေါ်မှာ ကင်းထောက်ပျံသန်းနေပြီးနောက် ဂရိရေနံသင်္ဘောရဲ့ ကုန်းပတ်တံတားကို ဝင်တိုက်သွားတာ မြင်ရပါတယ်။ အတို-က်ခံရပြီးတာနဲ့ ချက်ချင်းပဲ မီးလေ-ာင်သွားတာပါ။ သင်္ဘောသားတွေ ထိခိုက်ဒ-ဏ်ရာရတာ ရှိ၊ မရှိကိုတော့ သေချာမသိရသေးဘူးလို့ ရုပ်သံလိုင်းက ဆိုပါတယ်။ အခုတို-က်ခိုက်မှုကို ယူကရိန်းအာဏာပိုင်တွေရဲ့ ဒရုန်းနဲ့ လုပ်ဆောင်ခဲ့တာလို့ ယုံကြည်ရပါတယ်။...

​ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို သဘောကျကြောင်း ထရမ့်ပြော

​ပြီးခဲ့တဲ့အပတ်က သူထုတ်ပြောခဲ့တဲ့ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ့် အကြံအစည်ကို သူပိုပြီး သဘောကျလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​ဟော်မုဇ်ရေလက်ကြားကို မကြာခင်မှာ "အမေရိကန်ပိုင်နက်" အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြပေးဖို့ သတင်းထောက်တွေက တောင်းဆိုတဲ့အခါမှာတော့ "ဒါက တကယ့်ကို ကောင်းတဲ့အကြံပဲလို့ ကျွန်တော်ထင်တယ်" လို့ သူက ပြန်ဖြေခဲ့ပါတယ်။ "ကျွန်တော်တို့က ပိတ်ဆို့မှုတွေနဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတာလေ။ အဲဒါကို ကိုယ့်ပိုင်နက်အဖြစ် ကြေညာမယ့်အကြံကို ကျွန်တော်သဘောကျတယ်။ ရေလက်ကြားတစ်ခုလုံးက ကျွန်တော်တို့ရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071