Sunday, March 16, 2025

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ ၏...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ မွေးနေ့အထိမ်းအမှတ်အနေဖြင့် မတ်လ (၂၂)ရက်တွင် လူဦးရေသုံးသောင်းကို စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရာသက်ပန် ကုမ္ပဏီ စတုဒိသာအဖွဲ့မှ သိရသည်။ ဆရာတော်ကြီး၏...

စွမ်းအင်၊ ဓါတ်သတ္ထုများဆိုင်ရာ ဒေါ်လာဘီလျံချီသော စာချုပ်များကို...

ဗီယက်နမ်ခေါင်းဆောင်များသည် အမေရိကနှင့် ကုန်သွယ်မှု မညီမျှခြင်းကို လျှော့ချနိုင်ရေး၊ ထရမ့်ပ်အစိုးရအဖွဲ့၏ အခွန်စည်းကြပ်မှုဒဏ်ခံရနိုင်ခြေကို သက်သာစေရေး ကြိုးပမ်းချက်အဖြစ် အမေရိကနှင့် အကြီးစားသဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးကြမည်ဖြစ်ရာ ဗီယက်နမ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်...

ရွှေစာရံဘုရားဖူးပြီး ပြင်ဦးလွင်သို့ ပြန်လာသည့် ဘုရားဖူးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အ မျိုးသား (၂) ဦး၊ အမျိုးသမီး(၄)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရထားကြောင်း...

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံရေးသတိ/အသိ မလစ်ဟင်းရန်...

၂၀၂၄ -၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲမကျင်းပမီနှင့် ကျင်းပချိန်ကာလများအတွင်းလုံခြုံ ရေးသတိ အသိ မလစ် ဟင်းရန်ဆောင်ရွက်ရန်လိုပြီး၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးခြားဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့်တပြေးညီ...
HomeCelebrities' Newsစည်းကမ်းရှိစွာ အမှိုက်ပစ်ဖို့ အနုပညာရှင်တို့...

စည်းကမ်းရှိစွာ အမှိုက်ပစ်ဖို့ အနုပညာရှင်တို့ အကြံပြု

Environmentလူသား တစ်ယောက်ချင်းစီ တိုင်းအတွက် နေ့စဉ်ရုန်းကန် လှုပ်ရှား စားသောက် နေထိုင်ကြရာမှာ မလိုအပ်တော့တဲ့ စွန့်ပစ် ပစ္စည်းတွေ၊ တစ်နည်း အားဖြင့် အမှိုက်တွေ ဆိုတာ ရှိကြပါတယ်။  အဲဒီ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ဖို့ လိုအပ်သလို တချို့ အမှိုက်တွေကိုလည်း အလေ အလွင့်မရှိ ပြန်လည် အသုံးချတတ်ဖို့လည်း လိုအပ်လှပါတယ်။ အမှိုက် ကင်းစင်မှ တိုင်းပြည် လှပမှာပါ။ အမှိုက်ကို အကျိုးရှိစွာ အသုံးချ တတ်နိုင်မှ တိုင်းပြည် တိုးတက်မှာပါ။ ဒါကြောင့် အမှိုက်နဲ့ပတ်သက်လို့ အနုပညာရှင် တွေကကော ဘယ်လိုအမြင်တွေ ရှိတတ်ကြ သလဲ ဆိုတာ သိရှိနိုင်ဖို့ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။

သူရိယ    
အမှိုက်ပစ်ဆိုတဲ့ နေရာမှာပဲ အမှိုက်ပစ်ရမှာ ဖြစ်တယ်။
 အခုကတော့ လမ်းသွားရင်း နဲ့လည်း အမှိုက်ချသွားတော့ တာပဲ . . . . .

အမှိုက်ကိစ္စ ကတော့ လူတစ်ဦးချင်း တစ်ယောက်ချင်းစီမှာ ရှိရမယ့် စိတ်ဓာတ်နဲ့ ဆိုင်နေတယ်။ အမှိုက်ပစ် ဆိုတဲ့ နေရာမှာပဲ အမှိုက်ပစ်ရမှာ ဖြစ်တယ်။ အခုကတော့ လမ်းသွားရင်း နဲ့လည်း အမှိုက်ချ သွားတော့တာပဲ။ ကိုယ့်အမှိုက်ကို ကိုယ်သေချာ မစွန့်ပစ်ကြ ဘူး ဖြစ်နေတာပေါ့။ စည်းကမ်း တော့ လိုက်နာသင့်ပါတယ်။ ဒါပေမယ့် အမှိုက်တွေကို အခုအချိန် အထိ ပစ်မြဲ ပစ်နေကြတုန်းပါပဲ။ အမှိုက် ပုံတွေ နဲ့ လမ်းတွေမှာ ဘယ်လိုမှ မလှပ ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်တို့ တစ်ဦး တစ်ယောက် ချင်းရဲ့စိတ်ဓာတ် တွေ ပြင်ရမယ်။ အများကြီး ကြိုးစားပြင်ဆင် ကြရပါမယ်။ ဘာလို့လဲ ဆိုတော့ ကိုယ့်ကိုယ် ကိုယ် ကောင်းအောင် အရင် ကြိုးစားပြီးမှ တိုင်းပြည် အတွက် ကောင်းအောင် ဆက်လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ လူတစ်ဦး တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်တွေကို ပြင်ဆင် သွားရမှာ ဖြစ်တယ်လို့ မြင် ပါတယ်။

ထွန်းကိုကို  
အမှိုက်တွေကို စနစ်တကျနဲ့မပစ်ရင်
ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ် . . . . .

မြို့တော်ကြီး သန့်ရှင်းဖို့ အတွက် အားလုံး စည်းကမ်းရှိမှ အဆင်ပြေ မှာ။ နေ့တိုင်း အမှိုက်တွေကို လိုက်ရှင်းဖို့ ကလည်း အဆင်မပြေဘူး။ စည်းကမ်းရှိတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်သွားရင် ကိုယ့်နိုင်ငံ သည်လည်း တန်ဖိုး ရှိတဲ့နိုင်ငံ ဖြစ်သွားမယ်။ ကျန်းမာရေးလည်း ညီညွတ် သွားမယ်။ အမှိုက်တွေကို စနစ်တကျနဲ့ မပစ်ရင် ကျန်းမာရေးကိုလည်း ထိခိုက် နိုင်ပါတယ်။ ဒီလိုမျိုး အမှိုက်ကအစ စည်းကမ်း ရှိရှိ ပစ်မယ် ဆိုရင် ကိုယ့်နိုင်ငံ အများကြီး တိုးတက်လာမှာပါ။ ကျွန်တော်တို့ အမှိုက်ကို ခွဲ ထားတာက ၃မျိုး၊ အမှိုက်စို၊ အမှိုက်ခြောက်၊ Recycle ဆိုပြီး ခွဲထားတယ်။ အမှိုက်ပုံးတွေ ဆိုရင်လည်း အရောင်တွေ နဲ့ ခွဲထားတယ်။ တချို့ဆို မသိကြဘူး။ တွေ့တဲ့ အမှိုက်ပုံးမှာ အမှိုက်စို ပဲဖြစ်ဖြစ်၊ အမှိုက် ခြောက်ပဲဖြစ်ဖြစ် ပစ်ကြတယ်။ အဲဒါလေးကို လူတိုင်း သိထားသင့်တယ်။ သိမ်းတဲ့သူလည်း လွယ်တယ်။ အကျိုးရလဒ် လည်းများတယ်။ ဒါတွေကို အကုန်လုံး လိုက်နာသင့်တယ်။ သိသင့်တယ်လို့ ထင်ပါတယ်။

မိုးယုစံ
အမှိုက် ဆိုတာက တစ်ဦးတစ်ယောက်ချင်း စီက
သန့်ရှင်းမှ တစ်နိုင်ငံလုံးက  သန့်ရှင်းမှာ . . . . .

အရင်ကဆိုရင် မြန်မာနိုင်ငံမှာ အကုန်လုံးက အမှိုက်ကို အလွယ်တ ကူပစ်ကြတယ်။ အခုနောက်ပိုင်း မှာတော့ အဲလို အလွယ်တကူ ပစ်တာ သိပ်မရှိတော့ဘူး။ အသိဥာဏ်တွေက ပိုပြီးတိုးတက်လာတယ်။ အမှိုက် ဆိုတာက တစ်ဦး တစ်ယောက်ချင်းစီ က သန့်ရှင်းမှ တစ်နိုင်ငံလုံးက  သန့်ရှင်းမှာ။ ကိုယ့်ရဲ့ အမှိုက်တွေကို အလွယ်တကူ မပစ်မိဖို့၊ သူ့နေရာနဲ့ သူပစ်ဖို့က တစ်ဦးတစ်ယောက် ချင်းစီ လိုက်နာ မှ ကမ္ဘာကြီးက လှပမယ်။ အမှိုက်တွေကို စနစ်တကျ ပစ်မယ်ဆိုရင် ကျန်းမာရေးတွေလည်း ဒီထက် မက ကောင်းမယ် လို့ ထင်ပါတယ်။

နန်းခင်ဇေယျာ
သုံးလို့မရတဲ့ အမှိုက်တွေ ဆိုရင် သေချာစွန့်ပစ်ဖို့ လိုတယ်။
 ပြည်သူ၊ ပြည်သားတွေကလည်း . . . . .

အမှိုက်မှာဆိုရင် ပလတ်စတစ် အမှိုက်ဆိုရင် နှစ်ပေါင်းများစွာ မပျက်စီးတဲ့ အမှိုက် လို့ပြောရမယ်။ တချို့နိုင်ငံတွေ မှာဆိုရင် အမှိုက်ကို စနစ်တကျ စွန့်ပစ် ပါတယ်။ အခုနောက်ပိုင်း မှာက မြန်မာနိုင်ငံကသူ တွေက အမှိုက်ကို အလွယ်တကူ စွန့်ပစ်ဖို့ ရှက်လာကြ တာကို တွေ့ ရ တယ်။ တချို့ပလတ်စတစ် အမှိုက်တွေ ဆိုရင် Recycle ပြန်သုံးလို့ရတာတွေ ရှိတယ်။ သုံးလို့မရတဲ့ အမှိုက်တွေ ဆိုရင် သေချာစွန့်ပစ်ဖို့ လိုတယ်။ ပြည်သူ၊ ပြည်သားတွေ ကလည်း နိုင်ငံကြီးသား ပီသအောင် ပူးပေါင်း ပါဝင်ဖို့လို ပါတယ်။ စည်ပင် သာယာ ကလည်း သူတို့လုပ်နိုင် သလောက်ပဲ သူတို့လုပ်ပေး လို့ရတယ်။ ပြည်သူတွေ အနေနဲ့လည်း စနစ်တကျ စွန့်ပစ်မှ သူတို့လည်း မပင်ပန်းတော့ဘူး။ ဒီမြန်မာပြည်လည်း ဒီထက်မက အမှိုက်ကင်းမဲ့တဲ့ နိုင်ငံအဖြစ် သတ်မှတ်လို့ရမယ်။

အမွန်း  
ပြည်သူတွေကနေ အမှိုက်မချခြင်းဖြင့် ကြုံရာနေရာမှ
ကွမ်းတံထွေးမထွေးခြင်းဖြင့် ကူညီမယ် ဆိုရင်တောင် တိုင်းပြည်က . . . . .

အမွန်းက နိုင်ငံရေးသမားလည်း မဟုတ်တော့ နိုင်ငံရေးကို ပြောပြ စရာ၊ ထောက်ပြစရာ အဲဒီလောက်ကြီး အကြောင်း မရှိဘူး။ နိုင်ငံရေး ကို အမွန်းတို့နိုင်ငံ ခေါင်းဆောင်တွေက ကြိုးစားပြီး လုပ်နေတယ်ဆိုတာ ယုံ ကြည်တယ်။ အဲဒီတော့ ပြည်သူ အချင်းချင်းကို အနုပညာရှင် တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြည်သူတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ်၊ မြန်မာ နိုင်ငံသား တစ်ယောက် အနေနဲ့ပြောချင် တာက တစ်ခါတလေ ကျရင် ပြည်သူ၊ ပြည်သားတွေက အပြစ်တင်တာ စောတယ်လို့ အမွန်းထင်တယ်။ နိုင်ငံက တိုးတက်တာနှေး တယ်။ ပြောင်းလဲမှု မမြင်ရဘူးတွေ ပြောတာ ကြားရတယ်။ အဲဒီအခါကျတော့ အမွန်း အံ့သြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လွန်ခဲ့တဲ့ ၆နှစ်လောက်က မြန်မာနိုင်ငံ နဲ့ အခုမြန်မာနိုင်ငံနဲ့ တော်တော်ကို ကွာသွားပါပြီ။ ရန်ကုန်ကိုပဲ ကြည့်လိုက်ပါ။ ခုံးကျော်တံတား ကြီးတွေ ရှိလာပြီ။ လူတိုင်းဖုန်း သုံးနိုင်ပြီ။ ဒါပေမဲ့ တိုးတက်မှု ကတော့ သူ့ဟာနဲ့သူ အချိန်ယူရမှာပေါ့။ နိုင်ငံက အများကြီး ခေတ်နောက် ကျခဲ့တာ ကိုး။ အဲဒီတော့ အဲဒါလေးတွေကို အဆိုးဘက်က မစဉ်းစားဘဲ နဲ့ ပြည်သူတွေ ကနေ အမှိုက်မချခြင်းဖြင့် ကြုံရာနေရာမှ ကွမ်းတံထွေး မထွေးခြင်းဖြင့် ကူညီမယ် ဆိုရင်တောင် တိုင်းပြည်က တော်တော်တိုးတက်သွားမှာ အမှန် ပါပဲ။ အမွန်းက အဲဒီအချက်လေး ပဲ ပြောချင်ပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071