ယခင်တည်ဆောက်ထားသည့် သင်္ဘောများထက် ပို၍ကြီးမားမြန်ဆန်ကာ အဆ ၁၀၀ ပိုစွမ်းအားကောင်းသော စစ်သင်္ဘောသစ်များ တည်ဆောက်မည့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ အမေရိကန်ရေတပ်က စိုးမိုးနိုင်မှုကို ခိုင်မာစေရန်ရည်ရွယ်သော ရွှေရောင်လွှမ်းသော ရေတပ်မဟာချဲ့ထွင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်သင်္ဘောအသစ်နှစ်စင်းဖြင့် စတင်သွားမည်ဖြစ်သည်။
နောက်ဆုံးတွင် စီမံကိန်းကို သင်္ဘောအသစ် အစင်း ၂၀ မှ ၂၅ စင်းအထိ တိုးချဲ့သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
စစ်သင်္ဘောများကို တည်ဆောက်မည့် အစီအစဉ်သည် သမိုင်းတလျှောက် မည့်သည့်အချိန်ကာလမဆိုကထက် တည်ဆောက်ခဲ့သော တန်ချိန်ပမာဏနှင့် ပစ်စွမ်းအား ဝု့သည် ပိုမိုများပြား ကြီးမားလာမည်ဖြစ်ကြောင်း အမေရိကန်ရေတပ်အတွင်းဝန် ဂျွန်ဖီလန်က ပြောကြားခဲ့ပြီး သင်္ဘောများ၏ အစိတ်အပိုင်းများကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တိုင်းတွင် တည်ဆောက်သွားမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
စစ်သင်္ဘောများတွင် အမေရိကန်စစ်သင်္ဘောတွင် တပ်ဆင်ဖူးသမျှ အကြီးဆုံးသေနတ်များကို တပ်ဆင်ထားရုံသာမက နျူကလီးယားလက်နက်၊ ရေပြင်ပ-စ် ခရုဇ်ဒုံးကျည်များကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စစ်သင်္ဘောအသစ်များထဲမှ ပထမဆုံးသင်္ဘောကို ယူအက်စ်အက်စ်ဒီဖီးယန့်ဟု အမည်ပေးသွားမည်ဖြစ်သည်။
စစ်သင်္ဘောအမျိုးအစားသစ်အပြင် ရွှေရောင်လွှမ်းသောရေတပ်မဟာသည် အမေရိကန်ရေတပ်က ယခင်က ကြေညာခဲ့ဖူးသော ပိုမိုသေးငယ်ပြီး မြန်ဆန်သည့် ဖရီးဂိတ်အမျိုးအစားအပါအဝင် အခြားစစ်သင်္ဘောအမျိုးအစားများ အရေအတွက်တိုးလာရန် မျှော်မှန်းထားသည်ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
Ref: အေးရှားဝမ်း
