နိုင်ငံရပ်ခြားခေါင်းဆောင်များ တက်ရောက်ခဲ့သည့် ဧရာမစစ်ရေးပြပွဲအခမ်းအနားတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တိုက်ချင်းပ-စ် ပဲ့ထိန်းဒုံးကျည်သစ် အပါအဝင် ၎င်း၏ နျူကလီးယားလက်နက်ပိုင် စစ်တပ်၏ စွမ်းအားအကောင်းဆုံး လက်နက်များကို ထုတ်ဖော်ပြသခဲ့သည်။
သောကြာနေ့ညပိုင်းက မိုးထဲရေထဲတွင် စတင်ခဲ့သော အာဏာရအလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲသည် ကင်မ်၏ သံတမန်ဆက်ဆံရေးကြီးမားလာမှုနှင့် အမေရိကန်ပြည်ထောင်စုနှင့် အာရှရှိ ၎င်း၏ ပြိုင်ဘက်များကို ပ-စ်မှတ်ထားနိုင်သည့် လက်နက်တို-က်တစ်ခုတည်ဆောက်ရေး အတွက်မဆုတ်မနစ်အားထုတ်ေနေကြာင်းကို မီးမောင်းထိုးပြခဲ့သည်။
စစ်ရေးပြပွဲတွင် ဟွာဆောင်-၂၀ ဟုခေါ်သော စမ်းသပ်ဆဲ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ပြသခဲ့ကြောင်းနှင့် အဆိုပါ ဒုံးကျည်သည် နိုင်ငံ၏ အားအကောင်းဆုံး မဟာဗျူဟာ နျူကလီးယားလက်နက်စနစ်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေစီအင်န်အေ သတင်းဌာနက စနေနေ့တွင် ေရးသား ဖေါ်ပြခဲ့သည်။
၎င်း၏ စစ်တပ်သည် ခြိမ်းခြောက်မှုအားလုံးကို ချေမှုန်းနိုင်သည့် မကျဆုံးနိုင်သော နိုင်ငံအဖြစ် ဆက်လက်ကြီးထွားရမည်ဟု စစ်ရေးပြအခမ်းအနားမိန့်ခွန်းတွင် ကင်မ်က ပြောကြားခဲ့သည်။ သို့ရာတွင် ကေစီအင်န်အေက ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းပြောဆိုချက်များတွင် ဝါရှင်တန် သို့မဟုတ် ဆိုးလ်ကို တို-က်ရို-က်ရည်ညွှန်းပြောကြားမှုမျိုးမူ မရှိခဲ့ပေ။
လျှပ်စစ်မီးများ ထိန်ထိန်ညီးနေသော အခမ်းအနားကျင်းပရာ ရင်ပြင်တွင် ထောင်နှင့်ချီသော လာရောက်ကြည့်ရှုသူများဖြင့် ပြည့်နှက်နေသည်ကို မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်သော ဗီဒီယိုနှင့် ဓါတ်ပုံများတွင် တွေ့ရသည်။
Ref: အေဘီစီနူးစ်
