စစ်ရေး ပြင်းထန်လျက် ရှိနေသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့တို့တွင် နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်း ရှောင်နေရသည့် ဒုက္ခသည် နှစ်သိန်းနီးပါးရှိလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ယမန်နေ့က မေလ (၂၃) ရက်က ထုတ် ပြန် အသိပေးထားသည်။
တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာမှုများ ဆက်ရှိနေကာ ရခိုင်ပြည်နယ်၊ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါး (၁၈၅,၀၀၀ ဦး)ရှိလာပြီဖြစ်ကြောင်း UNOCHA က ဆိုသည်။
ထို့ပြင် အရပ်သား ပြည်သူကာကွယ်စောင့်ရှောက်မှု ဆိုင်ရာအခြေအနေမှာလည်း စိုးရိမ်စရာဆက်လက်မြင့်တက်နေကြောင်း UNOCHက ပြောသည်။
အလားတူပင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာရှိသည့် ရွာ (၁၀) ရွာမှ လူဦးရေ တစ်သောင်းခန့်သည်လည်း တိုက်ပွဲများကြောင့် မေလ (၁၄)ရက်ကပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း UNOCHA ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့အတူ မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်ရှိ ဒေသခံ လေးထောင်ကျော်သည်လည်း နှစ်ဘက်တိုက်ပွဲအတွင်းလက်နက်ကြီး ပစ်ခတ်မှုများကြောင့် မေလ (၁၅) ရက် ကတ ည်းက နေရပ်စွန့်ခွာထွက်ပြေးနေရကာ ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင်လည်း တိုက်ပွဲကြောင့် ကျေးရွာနှစ်ရွာက လူရှစ်ရာကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း UN OCH က ထုတ်ပြန်ထားသည်။
