Saturday, February 15, 2025

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...
HomeNewsLocal Newsစစ်ဘေးရှောင် ထောင်ကျော်အထိရှိလာတဲ့ လေးကေကော်မြို့သစ်က...

စစ်ဘေးရှောင် ထောင်ကျော်အထိရှိလာတဲ့ လေးကေကော်မြို့သစ်က တိုက်ပွဲဖြစ်ပွားမှု

(Unicode)

စစ်ဘေးရှောင် ထောင်ကျော်အထိရှိလာတဲ့ လေးကေကော်မြို့သစ်က တိုက်ပွဲဖြစ်ပွားမှု

Photo – CJ

ကရင်ပြည်နယ်၊မြဝတီမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆) ထိန်းချုပ်နယ်မြေထဲက ရပ်ကွက် ခြောက်ခုနဲ့အိမ်ခြေ ၈၀၀ ကျော်လောက်ရှိတဲ့ လေးကေကော်မြို့သစ်မှာ ဒီ ဇင်ဘာ ၁၅ ရက်မနက်ပိုင်းကစပြီး နစက ရဲ့လုံခြုံ ရေးအဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)တို့ထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုဟာ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး နေ့လည်ဖက်မှာ ယာယီရပ်နားခဲ့ပေမယ့် ညနေဖက်မှာတော့ပြန် လည်ဖြစ်ပွားခဲ့တာကြောင့် လေးကေကော်မြို့သစ်မှာနေသူတွေထဲက လူဦးရေ ထောင်ကျော်ဟာ စစ်ဘေးရှောင်အဖြစ် နေအိမ်တွေကိုစွန့်ခွာပြီး နီးစပ်ရာကိုတိမ်းရှောင်နေကြတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတွေဆီက သိရပါတယ်။

“စစ်ဘေးရှောင်တွေအတွက် လတ်တလောလိုအပ် ချက်က စားရေးသောက်ရေးပေါ့ အအေးဒဏ်ခံနိုင်ဖို့အတွက်လိုအပ်တဲ့စောင်နဲ့အနွေးထည်တွေက တော့ စစ်ဘေးရှောင်တွေက တစ်ခါတည်းယူလာကြပြီးဖြစ်တော့မလိုဘူး တိုက်ပွဲရက်ကြာမယ်ဆိုရင်တော့ အစားအသောက်ကိုမနည်းအဆင်ပြေအောင်ကြိုးစားရမဲ့အနေအထားပါ”လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ ကိုစောကလယ်ထူးကပြောပါတယ်။

စစ်ဘေးရှောင် ထောင်ကျော်ကို တိုက်ပွဲဖြစ် ပွားနေတဲ့နေရာနဲ့ လွတ်ကင်းတဲ့ စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်းတွေမှာခွဲပြီး နေရာချထားပေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

“သူတို့တွေ မြို့သစ်ထဲလာပြီး တစ်အိမ်တက်ဆင်း မင်္သကာတဲ့သူတွေကိုဖမ်းဖို့လုပ်နေထဲက အထုတ်တွေအဆင်သင့်ပြင်ထားတာ တိုက်ပွဲဖြစ်လာတော့မယ်ဆိုတာမှန်းထားပြီးသားပါ အခုတိုက်ပွဲဖြစ်တော့ မိသားစုလိုက်ထွက်လာရတော့တာပေါ့”လို့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။

နစက ရဲ့လုံခြုံရေးအဖွဲ့တွေဟာ လေးကေကော်မြို့သစ်မှာ လာရောက်တိမ်းရှောင်နေသူတွေကို ဖမ်းဆီးခဲ့ကြပြီး အခုလို KNLA နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်လာရတာပါ။

Photo – CJ

Photo – CJ

(Zawgyi)

စစ္ေဘးေရွာင္ ေထာင္ေက်ာ္အထိရွိလာတဲ့ ေလးေကေကာ္ၿမိဳ႕သစ္က တိုက္ပြဲျဖစ္ပြားမႈ

ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕နယ္က ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)တပ္မဟာ(၆) ထိန္းခ်ဳပ္နယ္ေျမထဲက ရပ္ကြက္ ေျခာက္ခုနဲ႔အိမ္ေျခ ၈၀၀ ေက်ာ္ေလာက္ရွိတဲ့ ေလးေကေကာ္ၿမိဳ႕သစ္မွာ ဒီ ဇင္ဘာ ၁၅ ရက္မနက္ပိုင္းကစၿပီး နစက ရဲ႕လုံၿခဳံ ေရးအဖြဲ႕ေတြနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္(KNLA)တို႔ထိေတြ႕တိုက္ပြဲေတြစတင္ျဖစ္ပြားခဲ့ပါတယ္။

တိုက္ပြဲျဖစ္ပြားမႈဟာ ဒီဇင္ဘာ ၁၅ ရက္မနက္ပိုင္းကစတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး ေန႔လည္ဖက္မွာ ယာယီရပ္နားခဲ့ေပမယ့္ ညေနဖက္မွာေတာ့ျပန္ လည္ျဖစ္ပြားခဲ့တာေၾကာင့္ ေလးေကေကာ္ၿမိဳ႕သစ္မွာေနသူေတြထဲက လူဦးေရ ေထာင္ေက်ာ္ဟာ စစ္ေဘးေရွာင္အျဖစ္ ေနအိမ္ေတြကိုစြန္႔ခြာၿပီး နီးစပ္ရာကိုတိမ္းေရွာင္ေနၾကတယ္လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနသူေတြဆီက သိရပါတယ္။

“စစ္ေဘးေရွာင္ေတြအတြက္ လတ္တေလာလိုအပ္ ခ်က္က စားေရးေသာက္ေရးေပါ့ အေအးဒဏ္ခံႏိုင္ဖို႔အတြက္လိုအပ္တဲ့ေစာင္နဲ႔အေႏြးထည္ေတြက ေတာ့ စစ္ေဘးေရွာင္ေတြက တစ္ခါတည္းယူလာၾကၿပီးျဖစ္ေတာ့မလိုဘူး တိုက္ပြဲရက္ၾကာမယ္ဆိုရင္ေတာ့ အစားအေသာက္ကိုမနည္းအဆင္ေျပေအာင္ႀကိဳးစားရမဲ့အေနအထားပါ”လို႔ စစ္ေဘးေရွာင္ေတြကိုကူညီေပးေနတဲ့ ကိုေစာကလယ္ထူးကေျပာပါတယ္။

စစ္ေဘးေရွာင္ ေထာင္ေက်ာ္ကို တိုက္ပြဲျဖစ္ ပြားေနတဲ့ေနရာနဲ႔ လြတ္ကင္းတဲ့ စာသင္ေက်ာင္းေတြနဲ႔ဘုန္းႀကီးေက်ာင္းေတြမွာခြဲၿပီး ေနရာခ်ထားေပးေနရတယ္လို႔ စစ္ေဘးေရွာင္ကူညီေပးေနသူေတြဆီက သိရပါတယ္။

“သူတို႔ေတြ ၿမိဳ႕သစ္ထဲလာၿပီး တစ္အိမ္တက္ဆင္း မသၤကာတဲ့သူေတြကိုဖမ္းဖို႔လုပ္ေနထဲက အထုတ္ေတြအဆင္သင့္ျပင္ထားတာ တိုက္ပြဲျဖစ္လာေတာ့မယ္ဆိုတာမွန္းထားၿပီးသားပါ အခုတိုက္ပြဲျဖစ္ေတာ့ မိသားစုလိုက္ထြက္လာရေတာ့တာေပါ့”လို႔ စစ္ေဘးေရွာင္တစ္ေယာက္ကေျပာပါတယ္။

နစက ရဲ႕လုံၿခဳံေရးအဖြဲ႕ေတြဟာ ေလးေကေကာ္ၿမိဳ႕သစ္မွာ လာေရာက္တိမ္းေရွာင္ေနသူေတြကို ဖမ္းဆီးခဲ့ၾကၿပီး အခုလို KNLA နဲ႔ထိေတြ႕တိုက္ပြဲေတြျဖစ္လာရတာပါ။

Photo – CJ

Photo – CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071