TNLA အကြမ်းဖက်အဖွဲ့ဝင်များ ခေတ္တထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်၊ သီပေါမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် တပ်မတော်က အောက်တိုဘာ ၂ ရက်မှစ၍ စစ်ကြောင်းများဖြန့်ခွဲကာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အောက်တိုဘာ ၂ ရက်တွင် ဆိုင်းခေါင်ကျေးရွာ၊ နောင်ပိန်လေးကျေးရွာ၊ ဇောတိကုန်းကျေးရွာ၊ နမ့်ဟူးတောင်(အောက်)၊ နမ့်ဟူးတောင်(အထက်)နှင့် ပန်ဟက်ကျေးရွာ၊ အောက်တိုဘာ ၃ ရက်တွင် ကျောက်မဲကြီးကျေးရွာ၊ အောက်တိုဘာ ၄ ရက်တွင် ခိုတင်ကျေး ရွာ၊ ပွိုင့်-၉၄၇ တောင်ကုန်းနှင့် ပန်ဟုတ်ကျေးရွာ၊ အောက်တိုဘာ ၅ ရက်တွင် နားခေါ်ကျေးရွာ၊ ခဲမွန်ကျေး ရွာနှင့် ဗူးခါးကျေးရွာ၊ အောက်တိုဘာ ၆ ရက်တွင် လွယ်ခေါ်ကျေးရွာ၊ အောက်တိုဘာ ၉ ရက်တွင် ချောင်းချောက်ကျေးရွာနှင့်အောက်တိုဘာ ၁၀ ရက်တွင် နောင်အန်းကျေးရွာနှင့် ၎င်းကျေးရွာအနီးရှိ ရန်သူ့စခန်းကုန်းတို့အားသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၁၂ ရက်တွင် တိမ်းခမ်းကျေး ရွာနှင့် ငွန်ဆိုင်းကျေးရွာ၊ အောက်တိုဘာ ၁၃ ရက်တွင် မူလေးကျေးရွာ၊ ရေပူကျေးရွာ၊ လောင်ခွန်ကျေးရွာနှင့် ပုံဖန်းကျေးရွာ၊ အောက်တိုဘာ ၁၄ ရက်တွင် မန်လွယ်ကျေးရွာ၊ ကျင်သီကျေးရွာတစ်ဝိုက်၊ အောက်တိုဘာ ၁၅ ရက်တွင် ဘော်ကြိုကျေးရွာ၊ ကောင်းခါးကျေးရွာနှင့် နားခဲကျေးရွာ၊ အောက်တိုဘာ ၁၆ ရက်တွင် ခါလိမ်ခါလွေကျေးရွာမှတစ်ဆင့် သီပေါတိုးဂိတ်တို့အားသိမ်းပိုက်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများ သီပေါမြို့အဝင် Toll Gate သို့ရောက်ရှိစဉ် TNLA အကြမ်းဖက်အဖွဲ့ဝင်များသည် အဆောက်အအုံများနှင့် ပြည်သူပိုင်အဆောက်အအုံများအားမီးရှို့ထွက်ပြေးသွားခဲ့သဖြင့် ထပ်ချပ်လိုက်လံရှင်းလင်းခဲ့ကြရာ အောက်တိုဘာ ၁၆ ရက်ညနေပိုင်းတွင် သီပေါမြို့အား အပြီးတိုင်ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီပေါမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ရန်စစ်ဆင်ရေးပြုလုပ်ခဲ့သော စစ်ဆင်ရေးကာလ(၁၆) ရက်အတွင်း TNLA အကြမ်းဖက်အဖွဲ့နှင့် တိုက်ပွဲကြီး (၇)ကြိမ်၊ ထိတွေ့မှု(၂၁)ကြိမ်(စုစုပေါင်း ၂၈ ကြိမ်)ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ၏ အလေ-ာင်း(၁၃) လေ-ာင်း၊ လက်နက်(၇)လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကိုသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများမှ သီပေါမြို့မှ ယာယီနေရပ်စွန့်ခွာနေကြရသူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရန်၊ အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရန်၊ ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ အမြန်ဆုံးဖွင့်လှစ်နိုင်ရန်နှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
