စစ်ကိုင်းမြို့ငလျင်ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများ ဈေးရောင်းပွဲတော်ကို စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းအတွင်း၌ မေလ (၁၂)ရက်မှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ငလျင်ကြီးကြောင့် နေအိမ်များပျ-က်စီးဆုံး ရှုံးခဲ့ရသည့် ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၂၂)ခန်းဖြင့် ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည် ဖြစ်သည်။
အလှူရှင်များက ငလျင်ဘေးသင့်ပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်လှူဒါန်းနိုင်ရန်နှင့် ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် ဈေးနှုန်းသင့်တင့်စွာဖြင့် နေအိမ်များ ဆောက်လုပ်နိုင်ရန်အတွက် ငွေကျပ် (၅၉)သိန်း တန်ဖိုးရှိသည့် အလျား (၂၀)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲရှိ တန်ဖိုးသင့်နေအိမ်များကို ဆောက်လုပ်ပြသပေးထားမည် ဖြစ်သည်။
တန်ဖိုးသင့်နေအိမ်များကို ဆောက်လုပ်လှူဒါန်း ဝယ်ယူလိုပါက ဈေးရောင်းပွဲတော်တွင် ပြသပေးထားသည့် နေအိမ်ဒီဇိုင်းအတိုင်း အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ ခရိုင်သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီကဖြစ်စေ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ဆောက်ပစ္စည်းများ ဈေးရောင်းပွဲတော်ကို မေလ (၁၂)ရက်မှ (၁၆)ရက်အထိ စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်သည်။