စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိငလျင်ဘေးသင့်ပြည်သူများအားဆန်ရိက္ခာထောက်ပံ့ခြင်း အစီအစဉ်ကိုစစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းဖူဆယ်အားကစားရုံတွင်ဇူလိုင်လ (၅) ရက်၊ နံနက်ပိုင်းကပေးအပ်ခဲ့ကြောင်း သိရသည်။



” စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ငလျင်ဒါဏ်ခံစားခဲ့ရတဲ့စစ်ကိုင်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေနဲ့အတူပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌထံ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ (၂၁၂၅၀) ဦးနှင့် ဝန်ထမ်း/မှီခို (၆၀၀ ၇) ဦးစုစုပေါင်း (၂၇၂၅၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၄ ၉၀၃၄၈၁၀၀)(သိန်းပေါင်း တစ်သောင်းလေးထောင်ကိုးရာ သုံးသိန်းလေးသောင်း ရှစ်ထောင်တစ်ရာ)ကျပ် အား ထော က်ပံ့ပေးအပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် အားကစားရုံအတွင်း စစ်ကိုင်းမြို့၊ဇေယျာရပ်ကွက်မှ အိမ်ထောင်စု (၄၈၄) စုမှ ငလျင်ဘေးသင့် ပြည်သူ (၂၃၃၃) ဦးအား ဆန်ရိက္ခာများ ခွဲဝေပေးနေမှုများနှင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက် မဟာစည်းခုံကြီး စေတီတော်မြတ်ကြီးအတွင်း ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရီက္ခာများ ဖြန့်ဝေပေးနေမှုများအား သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။